News @ M-Media

Tag: UK

  • ဂျူးလူ့အဖွဲ့အစည်းကို ထိခိုက်စေသည့်စကားအတွက် ဗြိတိန် လေဘာပါတီခေါင်းဆောင် ပြန်တောင်းပန်

    ဂျူးလူ့အဖွဲ့အစည်းကို ထိခိုက်စေသည့်စကားအတွက် ဗြိတိန် လေဘာပါတီခေါင်းဆောင် ပြန်တောင်းပန်

    မတ် ၂၇၊ ၂၀၁၈
    M-Media

    လွန်ခဲ့သည့် ၆ နှစ်က ဖယ်ရှားခဲ့သည့် နံရံဆေးရေးပန်းချီ

    – ဗြိတိန်က ဂျူးလူ့အဖွဲ့အစည်းကို ထိခိုက်နစ်နာစေတဲ့ လွန်ခဲ့တဲ့ ၆ နှစ်က စကားတစ်ခွန်းအတွက် ဗြိတိန်က အဓိကနိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ လေဘာပါတီအကြီးအကဲ ဂျယ်ရမီ ကော်ရ်ဘန်က လူသိရှင်ကြား ပြန်လည်တောင်းပန်လိုက်ပါတယ်။

    အစ္စရေးလော်ဘီအဖွဲ့တွေဖြစ်တဲ့ Jewish Leadership Council နဲ့ Board of Deputies of British Jews တို့က ကော်ရ်ဘန်ရဲ့ ပြောစကားနဲ့ပတ်သက်ပြီး တနင်္ဂနွေနေ့မှာ ဆန္ဒပြဖို့ ဆော်သြခဲ့ပြီးနောက် ဒီလိုတောင်းပန်မှု ပေါ်ထွက်လာခဲ့တာပါ။

    ဂျူးဘဏ်လုပ်ငန်းရှင်တွေက ကမ္ဘာသူကမ္ဘာသားတွေအပေါ် အမြတ်ထုတ်မှုနဲ့ပတ်သက်ပြီး ရေးဆွဲထားတဲ့ နံရံဆေးရေးပန်းချီ လွန်ခဲ့တဲ့ ၆ နှစ်က ဖယ်ရှားမှုကို ကော်ရ်ဘန်က ဝေဖန်ခဲ့တဲ့ မှတ်ချက်တစ်ခုအတွက် လေဘာလွှတ်တော်အမတ် လူစီယာနာ ဘာဂါက Facebook စာမျက်နှာ ပြန်လည်ဖော်ပြခဲ့ပြီးတဲ့နောက် ကော်ရ်ဘန်တစ်ယောက် ဝေဖန်ခံခဲ့ရတာ ဖြစ်ပါတယ်။

    ဘာဂါဟာ အစ္စရေးသံရုံးနဲ့ ဆက်နွယ်နေတဲ့ အစ္စရေးလော်ဘီအဖွဲ့ Jewish Labour Movement ရဲ့ ဥက္ကဌဖြစ်တယ်လို့ ဆိုပါတယ်။

    မနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ကော်ရ်ဘန်က သူရေးသားခဲ့တဲ့မှတ်ချက်ကို ပြန်လည်တောင်းပန်ခဲ့ပြီး ‘နံရံရေးဆေးရေးပန်းချီမှာ ပါဝင်မှုကို သေသေချာချာ မလေ့လာဘဲနဲ့ ဒီဖယ်ရှားမှုကို မှားယွင်းပြီး မေးခွန်းထုတ်ခဲ့တာ’ ဖြစ်တယ်လို့ ဆိုပါတယ်။

    “ဂျူးဘဏ်လုပ်ငန်းရှင်တွေနဲ့ အရင်းရှင်တွေက အလုပ်သမားတွေအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်တယ်ဆိုတဲ့ အယူအဆဟာ အရင်ကရှိခဲ့တဲ့ ဂျူးဆန့်ကျင်ရေး ၀ါဒဖြန့်မှုတစ်ခု ဖြစ်ပါတယ်”

    ဒီကိစ္စနဲ့ပတ်သက်လို့ အစည်းအဝေးတစ်ခု လုပ်ဖို့ရှိနေပြီး လေဘာပါတီထဲမှာလည်း ဂျူးဆန့်ကျင်ရေး သဘောထားရှိတဲ့ ငါးခုံးမတစ်ချို့ ရှိတယ်ဆိုတာ လက်ခံကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဂျူးအဖွဲ့တစ်ခုဖြစ်တဲ့ Jewish Voice for Labour (JVL) အဖွဲ့က ကော်ရ်ဘန်ရဲ့ တောင်းပန်မှုကို ချီးကျူးခဲ့ပြီး Board of Deputies of British Jews အဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ရှုတ်ချခဲ့ကာ မေလမှာလုပ်ဖို့ရှိနေတဲ့ ဒေသန္တရ ရွေးကောက်ပွဲအကြို နိုင်ငံရေးကစားတာဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။

    Ref: Aljazeera

  • ရုရှား-ယူကေ ပြဿနာတွင် အမေရိကန်ဝင်ပါလာပြီး ရုရှားသံတမန် ၆၀ ကို နှင်ထုတ်

    ရုရှား-ယူကေ ပြဿနာတွင် အမေရိကန်ဝင်ပါလာပြီး ရုရှားသံတမန် ၆၀ ကို နှင်ထုတ်

    မတ် ၂၆၊ ၂၀၁၈
    M-Media

    – ယူကေသူလျှိုဟောင်းတစ်ယောက်ကို ဓာတ်တုအဆိပ်နဲ့ လုပ်ကြံဖို့ကြိုးစားမှုအတွက် ယူကေနဲ့ ရုရှားတို့အကြား ဖြစ်နေတဲ့ ပြဿနာမှာ ယူကေဖက်က ရပ်တည်တယ်ဆိုတာကို ပြသဖို့အတွက် ထောက်လှမ်းရေးတာဝန်ရှိသူတွေ အပါအ၀င် ရုရှား သံတမန် ၆၀ ကို တိုင်းပြည်အတွင်းက ထွက်သွားဖို့အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမိန့်ထုတ်လိုက်ပါတယ်။

    ရုရှားနိုင်ငံသား စကရီပဲလ်နဲ့ သမီးဖြစ်သူတို့ဟာ မတ်လအစောပိုင်းက စစ်သုံး ဓာတုအဆိပ်နဲ့ လုပ်ကြံခံခဲ့ရတာဖြစ်ပြီး လက်ရှိ ဆိုးဆိုးဝါးဝါးအခြေအနေနဲ့ ဆေးကုသမှု ခံနေရပါတယ်။ ယူကေက ဒီကိစ္စကို ရုရှားကလုပ်တယ်လို့ စွပ်စွဲခဲ့ပြီး ရုရှားသံတမန် ၂၃ ဦးကို ပြီးခဲ့တဲ့ တစ်ပတ်မှာ နှင်ထုတ်ခဲ့ပါတယ်။

    “ရုရှားက ကမ္ဘာတစ်ဝှမ်း မတည်မငြိမ်ဖြစ်စေဖို့ လုပ်နေမှုမှာ နောက်ဆုံးပေါ်လာတဲ့  ယူကေမြေပေါ်မှာ စစ်သုံးလက်နက် အသုံးပြုမှုကို တုန့်ပြန်တဲ့အနေနဲ့ နေတိုးအဖွဲ့က မဟာမိတ်တွေ၊ ကမ္ဘာတစ်ဝှမ်းက မိတ်ဖက်တွေနဲ့အတူ အမေရိကန်က ဒီလို ဆောင်ရွက်ရတာ ဖြစ်ပါတယ်” လို့ ဒီကနေ့ ထုတ်ပြန်တဲ့ အိမ်ဖြူတော် ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အမေရိကန်ဆိုင်ရာ ရုရှားသံအမတ် အန်နာတိုလီ အန်တိုနော့ဗ်က အမေရိကန်ရဲ့ ဒီဆုံးဖြတ်ချက်ဟာ မှားယွင်းပြီး၊ အမေရိကန်-ရုရှား လက်ကျန် ဆက်ဆံရေးကို ဖျက်ဆီးလိုက်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အမေရိကန်ဟာ ဆီယက်တဲလ်မှာရှိတဲ့ ရုရှားကောင်စစ်ဝန်ရုံးကိုလည်း ပိတ်ပစ်ဖို့ စီစဉ်နပါတယ်။

    ယူကေ-ရုရှားပြဿနာနဲ့ပတ်သက်ပြီး ဥရောပသမဂ္ဂအဖွဲ့ဝင် ၁၄ နိုင်ငံကလည်း ရုရှားသံအမတ်တွေကို နှင်ထုတ်သွားမယ်လို့ ဥရောပကောင်စီဥက္ကဌ ဒေါ်နယ် တက်စ်က ပြောကြားခဲ့ပါတယ်။

    ရုရှားက ယူကေရဲ့စွပ်စွဲမှုကို ငြင်းဆိုထားပြီး အပြန်အလှန်အားဖြင့် ဗြိတိန်သံတမန် ၂၃ ဦးကို တိုင်းပြည်ကနေ နှင်ထုတ်ခဲ့ပါတယ်။

    Ref: Aljazeera

  • ဗြိတိန်သံအမတ်များ တစ်ပတ်အတွင်း ထွက်ခွာရမည်ဟု ရုရှား ရာဇသံပေး

    ဗြိတိန်သံအမတ်များ တစ်ပတ်အတွင်း ထွက်ခွာရမည်ဟု ရုရှား ရာဇသံပေး

    မတ် ၁၇၊ ၂၀၁၈
    M-Media

    – ဗြိတိန်သံတမန် ၂၃ ယောက်ကို တိုင်းပြည်ကနေ နှင်ထုတ်သွားမယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့မှာ ကြေငြာလိုက်ပြီး သူလျှိုဟောင်းတစ်ဦး အဆိပ်နဲ့ လုပ်ကြံခံရမှုအတွက် နှစ်နိုင်ငံအကြား တင်းမာမှု နောက်ဆက်တွဲ ဖြစ်ပါတယ်။

    ယူကေထောက်လှမ်းရေးအတွက် အလုပ်လုပ်ပေးခဲ့တဲ့ သူလျှိုဟောင်း ရုရှားလူမျိုး ဆာဂျီ စကရီပဲလ်နဲ့ သူ့ရဲ့သမီးဖြစ်သူတို့ဟာ မတ်လ ၄ ရက်နေ့က ဓာတုအဆိပ်နဲ့ လုပ်ကြံခံခဲ့ရပြီး ဒါဟာ ရုရှားရဲ့ လက်ချက်ဖြစ်တယ်လို့ စွပ်စွဲကာ ယူကေက ရုရှားသံတမန် ၂၃ ဦးကို တစ်ပတ်အတွင်း တိုင်းပြည်ကထွက်သွားဖို့ အခုတစ်ပတ် အစောပိုင်းမှာ အမိန့်ပေးခဲ့ပါတယ်။

    စကရီပဲလ်ဟာ ရုရှားထောက်လှမ်းရေးတွေကို သစ္စာဖောက်ကာ ဗြိတိန်ဖက်ကို သတင်းတွေပေးခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ ရုရှားရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာ နှစ်နိုင်ငံသူလျှိုတွေ အပြန်အလှန် လဲလှယ်မှုအတွင်း ဗြိတိန်ကို ပြန်ရောက်လာခဲ့ကာ အခြေချခဲ့ပါတယ်။

    ရုရှားက နိုင်ငံအတွင်း ဗြိတိသျှသံအမတ်တွေဟာ တစ်ပတ်အတွင်း ထွက်ခွာရမယ်လို့ ရုရှားဆိုင်ရာ ဗြိတိန်သံအမတ်ကြီး လော်ရီ ဘရစ္စတိုးကို ဒီကနေ့မှာ ခေါ်ယူတွေ့ဆုံ ပြောကြားခဲ့ပါတယ်။

    ဗြိတိသျှကောင်စီကို ပိတ်ပစ်ဖို့နဲ့ စိန့်ပီတာစဘတ်မှာ ကောင်စစ်ဝန်ရုံးဖွင့်လှစ်ရေး ခွင့်ပြုထားမှုကို ပြန်ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့လည်း ရုရှားနိုင်ငံခြားရေး ၀န်ကြီးဌာနကရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    Ref: Aljazeera

  • ရုရှားနှင့် မြောက်ကိုရီးယားရန်ကြောင့် ယူကေက ဓာတုလက်နက် ကာကွယ်ရေးစင်တာ တည်ဆောက်မည်

    ရုရှားနှင့် မြောက်ကိုရီးယားရန်ကြောင့် ယူကေက ဓာတုလက်နက် ကာကွယ်ရေးစင်တာ တည်ဆောက်မည်

    မတ် ၁၅၊ ၂၀၁၈

    M-Media

    – မိမိတို့အနေနဲ့ ဓာတုလက်နက် ကာကွယ်တားဆီးရေးစင်တာတစ်ခု တည်ဆောက်သွားမယ်လို့ ယူကေ ကာကွယ်ရေးဝန်ကြီး ဂါဗင် ၀ီလီယံဆန်က ပြောကြားလိုက်ပြီး ရုရှားနဲ့ မြောက်ကိုရီးယားတို့ထံကနေ ဓာတုလက်နက်နဲ့ ခြိမ်းခြောက်မှု မြင့်တက်လာတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

    စတာလင်ပေါင် ၄၈ သန်းလောက် ကုန်ကျမယ့် အဲဒီစင်တာကို ပေါ်တွန်ဒေါင်းမြို့က ကာကွယ်ရေးသိပ္ပံနဲ့ နည်းပညာ ဓာတ်ခွဲစင်တာမှာ တည်ရှိမှာဖြစ်ပါတယ်။

    ဗြိတိန်ထောက်လှမ်းရေးအတွက် အလုပ်လုပ်ပေးခဲ့တဲ့ သူလျှိုဟောင်း ရုရှားလူမျိုး ဆာဂျီ စကရီပဲလ်နဲ့ သမီးဖြစ်သူတို့ဟာ မတ်လအစောပိုင်းမှာ စစ်ဖက်သုံး ဓာတုအဆိပ်နဲ့ လုပ်ကြံခံရပြီး ယူကေက ရုရှားရဲ့လက်ချက် ဖြစ်တယ်လို့ ပြောကြားထားပါတယ်။ ဒီအဆိပ်နဲ့ပတ်သက်တဲ့ အသေးစိတ်ကို ထုတ်ပြန်ပေးဖို့ အင်္ဂါနေ့ နောက်ဆုံထားပြီး တောင်းဆိုခဲ့ပေမယ့် ရုရှားက တုန့်ပြန်မှုမရှိတာကြောင့် နိုင်ငံအတွင်းက ရုရှားသံအမတ် ၂၃ ဦးကို တစ်ပတ်အတွင်း ထွက်သွားဖို့ ယူကေက မနေ့မှာ အမိန့်ပေးခဲ့ပါတယ်။

    ကာကွယ်ရေးဝန်ကြီး ၀ီလီယံဆန်က မစ္စတာ စကရီပဲလ်ကို တိုက်ခိုက်မှုဟာ တုန်လှုပ်စရာနဲ့သတိပြုစရာကောင်းတဲ့ ကိစ္စဖြစ်ပြီး ယူကအနေနဲ့ ဓာတုလက်နက်အန္တရာယ်ကို တိုးမြင့်ခံစားလာရတယ်လို့ ထောက်ပြပြောဆိုခဲ့ပါတယ်။

    အခု ဓာတုလက်နက် ကာကွယ်ရေးစင်တာ တည်ဆောက်မယ့် ကာကွယ်ရေးသိပ္ပံနဲ့ နည်းပညာ ဓာတ်ခွဲစင်တာက သိပ္ပံပညာရှင်တွေဟာ မစ္စတာ စကရီပဲလ်အပေါ် တိုက်ခိုက်မှုကို ကူညီဖော်ထုတ်ပေးခဲ့တာပါ။

    ထောင်နဲ့ချီတဲ့ ဗြိတိန်စစ်သားတွေဟာ ဓာတုအဆိပ် ကာကွယ်ဆေးထိုးဖို့ ရှိနေပါတယ်။

    ရုရှားကတော့ သူတို့အပေါ် စွပ်စွဲမှုဟာ လက်မခံနိုင်စရာ ရန်စမှုဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ပြန်လည် လက်တုန့်ပြန်သွားမယ်လို့ ဆိုပါတယ်။

    Ref: BBC

  • သူလျှိုကိစ္စ မကျေလည်မှုကြောင့် ယူကေက ရုရှားသံအမတ် ၂၀ ကျော်ကို နှင်ထုတ်

    သူလျှိုကိစ္စ မကျေလည်မှုကြောင့် ယူကေက ရုရှားသံအမတ် ၂၀ ကျော်ကို နှင်ထုတ်

    မတ် ၁၄၊ ၂၀၁၈
    M-Media

    ယူကေ၀န်ကြီးချုပ် ထရီဇာမေ

    – ယူကအတွက် အလုပ်လုပ်ပေးခဲ့တဲ့ ရုရှားလူမျိုး သူလျှိုဟောင်းတစ်ဦး ဓာတုအဆိပ်နဲ့ လုပ်ကြံခံရမှုမှာ​ ရုရှားက ပူးပေါင်းဆောင်ရွက်ခြင်း မရှိတဲ့အတွက် ယူကကေ ရုရှားသံတမန် ၂၃ ဦးကို နိုင်ငံအတွင်းက ထွက်သွားဖို့အတွက် ဒီကနေ့မှာ အမိန့်ပေးလိုက်ပါတယ်။

    ‘လူသိရှင်ကြား မထုတ်ဖော်လိုတဲ့ ထောက်လှမ်းရေးသံတမန်တွေ’ အနေနဲ့ တစ်ပတ်အတွင်း ထွက်သွားဖို့ ဗြိတိန် ၀န်ကြီးချုပ် ထရီဇာမေက ပြောကြားလိုက်ပြီး၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး လာရောက်ဖို့ ဖိတ်ကြားမှုကို ရုပ်သိမ်းကြောင်း၊ အခုနှစ်နှောင်းပိုင်း ရုရှားမှာလုပ်မယ့် ကမ္ဘာ့ဖလားကို တော်ဝင်မိသားစုတွေ တက်ရောက်မှာမဟုတ်ကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    ရုရှားလူမျိုး သူလျှိုဟောင်း အသက် ၆၆ နှစ်အရွယ် စကရီပဲလ်နဲ့ သမီးဖြစ်သူ ၃၃ နှစ်အရွယ် ယူလီယာ စကရီပဲလ်တို့ဟာ မတ်လ ၄ ရက်နေ့ ဆေးလ်ဘူရီမြို့ မြို့လယ်ကောင်က ခုံတန်းမှာ လဲကျနေတာကို တွေ့ခဲ့ရပြီး ရုရှားလုပ် စစ်ဖက်သုံး ဓာတ်တုအဆိပ်နဲ့ လုပ်ကြံခံရကြောင်း တွေ့ရှိခဲ့ရပါတယ်။

    သူတို့နှစ်ယောက်ဆီကို သွားရောက်ခဲ့တဲ့ ဗြိတိသျှ စုံထောက်တစ်ဦးလည်း ဒီအဆိပ်မိခဲ့ပြီး ၃ ယောက်စလုံး ဆိုးရွားတဲ့အနေအထားမှာ ရှိနေပေမယ့် အခြေအနေကတော့ တည်ငြိမ်နေပါတယ်။

    ဒီတိုက်ခိုက်မှုဟာ ရုရှားက ပြုလုပ်တယ်ဆိုတဲ့ ဖြစ်နိုင်ချေ မြင့်မားနေတယ်လို့ ထရီဇာမေက ပြောကြားခဲ့ပြီး ဒီအဆိပ်နဲ့ပတ်သက်လို့ ဓာတုလက်နက် တားဆီးရေးဆိုင်ရာအဖွဲ့ကို အသေးစိတ် ရှင်းလင်းချက်ပေးပို့ရမယ်လို့ တောင်းဆိုခဲ့ပါတယ်။

    နောက်ဆုံးရက်ကို အင်္ဂါနေ့ည သန်းခေါင်ယံအချိန် သတ်မှတ်ထားပြီး ရုရှားက မလိုက်နာတဲ့အတွက် အခုလို သံတမန်တွေကို နှင်ထုတ်မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

    ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီးဌာနကလည်း ရုရှားသံအမတ်ကို ဆင့်ခေါ်ခဲ့ပြီး ဖြေရှင်းချက်တောင်းခဲ့ပါတယ်။

    ရုရှားသံရုံးက ဒီလို သံတမန်တွေကို နှင်ထုတ်ဟာ လက်မခံနိုင်စရာ၊ တရားမဲ့တဲ့၊ အမြင်ကျဉ်းတဲ့ လုပ်ရပ်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာဗရော့ကလည်း ဗြိတိန်ဟာ နိုင်ငံရေးကစားကာ နိုင်ငံတကာ သဘောတူညီချက်တွေကို လစ်လျူရှုထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    နိုင်ငံတကာ ဓာတုလက်နက်ဆိုင်ရာ သဘောတူညီချက်မှာ ဖော်ပြထားတဲ့အတိုင်း တရားဝင်တောင်းဆိုမှုတွေ ပြုလုပ်လာရင် မိမိတို့အနေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ အဲဒီသဘောတူညီချက်မှာ ဖြေရှင်းချက်ပေးဖို့အချိန်ကို ၁၀ ရက် သတ်မှတ်ပေးထားပါတယ်။

    ဗြိတိန်က ရုရှားသံအမတ်တွေကို နှင်ထုတ်တာအပြင်၊ ကိုယ်ပိုင်လေယာဉ်တွေ၊ ခရီးသည်တင်လေယာဉ်တွေနဲ့ ကုန်တင်လေယာဉ်တွေကို စစ်ဆေးမှုတိုးမြှင့်တာ၊ ယူကေနိုင်ငံသားတွေနဲ့ ယူကေမှာ နေထိုင်တဲ့သူတွေအပေါ် ခြိမ်းခြောက်ဖို့ အသုံးပြုနိုင်တယ်လို့ ယူဆရတဲ့ ရုရှားရဲ့ နိုင်ငံပိုင်ပစ္စည်းတွေကို ထိန်းချုပ်တာ၊ ယူကေနဲ့ ရုရှားအကြား စီစဉ်ထားတဲ့ နှစ်နိုင်ငံ အဆင့်မြင့် ဆက်သွယ်မှုတွေအားလုံး ရပ်ဆိုင်းတာတွေကိုလည်း ပြုလုပ်မှာ ဖြစ်ပါတယ်။

    Ref: BBC