News @ M-Media

တရုတ်ဒုံးခွင်းတွေ အီရန်ဖြည့်တင်းနေ

ဇူလိုင် ၉၊ ၂၀၂၅

M-Media

အီရန်ဟာ တရုတ်နိုင်ငံလုပ် ဒုံးခွင်းစနစ်တွေကို ၀ယ်ယူကာ လေကြောင်းရန် ကာကွယ်ရေးစနစ်ကို အလျင်အမြန် အားဖြည့်နေတယ်လို့ သတင်းတွေ ထွက်လာပါတယ်။

ပြီးခဲ့တဲ့လ ၁၂ ရက်ကြာ အစ္စရေးနဲ့ စစ်ပွဲအတွင်း အီရန်ရဲ့ ဒုံးခွင်းစနစ် အများအပြား ဖျက်ဆီးခံလိုက်ရပါတယ်။

တရုတ်ထံကနေ ဘယ်လို ဒုံးခွင်းအမျိုးအစား ၀ယ်ယူလဲဆိုတာ တိတိကျကျမသိရပါဘူး။ အပြန်အလှန်အားဖြင့် အီရန်က ရေနံတွေ ထရုတ်ထံ ထပ်တိုးတင်ပို့နေပါတယ်။

အစ္စရေးနဲ့ စစ်ပွဲမှာ အီရန်ရဲ့ ဒုံးကျည်အစွမ်းကို ကမ္ဘာက တွေ့မြင်ခွင့်ရခဲ့ပြီး၊ အစ္စရေးစစ်စခန်းတစ်ချို့နဲ့ စက်ဖက်သုတေသနစင်တာ တစ်ချို့ကို ဖျက်ဆီးပြခဲ့ပါတယ်။ အစ္စရေးဖက်ကတော့ အီရန်ဒုံးကျည် ထိခိုက်ခဲ့တဲ့နေရာတွေကို သတင်းထောက်တွေ အ၀င်မခံပါဘူး။

Ref: Middle East Eye