ဇူလိုင် ၁၅၊ ၂၀၂၅
M-Media

ဂါဇာကမ်းမြှောင် နူစီရတ် စစ်ရှောင်စခန်းက သောက်သုံးရေ ပေး၀ေတဲ့နေရာကို အစ္စရေးက ဇူလိုင် ၁၃ ရက်နေ့မှာ ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၁၀ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ပြီး အများစုက ရေတန်းစီနေကြတဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ အဲဒီနေ့ကတစ်နေ့တည်းမှာပဲ ဂါဇာစီးတီးက စျေးတစ်ခုကို အစ္စရေးက တိုက်ခိုက်ခဲ့ပြီး နည်းဆုံး ၁၇ ဦး သေဆုံးခဲ့ပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာလက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်တိုက်ခိုက်မှုမှာ သေဆုံးသူဦးရေဟာ ၅၈၀၂၆ ဦး ရှိလာပြီဖြစ်ပါတယ်။ အဲဒီအထဲက ထက်၀က်ကျော်ဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။
Ref – Aljazeera