News @ M-Media

ဂါဇာတွင် သေဆုံးသူအရေအတွက် ၅၉၀၀၀ ကျော် ရှိလာ

ဇူလိုင် ၂၁၊ ၂၀၂၅
M-Media

(အစာရေစာ ပြတ်လပ်မှုကြောင့် သေဆုံးသွားသည့် ရင်ခွင်ပိုက်ကလေးငယ်တစ်ဦးကို ပွေ့ချီထားသည့် မိခင်၊ ဇူလိုင် ၂၀)

၂၀၂၃ ခုနှစ် အောက်တိုဘာလက စတင်တဲ့ အစ္စရေးရဲ့ ဂါဇာက တစ်ကျော့ပြန် လူသတ်ပွဲအတွင်း သေဆုံးသူ ပါလက်စတိုင်းအရေအတွက်ဟာ ၅၉၀၂၉ ဦး ရှိလာပြီလို့ ပါလက်စတိုင်း ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒဏ်ရာရသူအရေအတွက်က ၁၄၂၁၃၅ ဦးရှိပြီး၊ အဆောက်အဦး အပျက်အဆီးတွေအတွင်း ပိတ်မိ ပျောက်ဆုံးနေသူ အရေအတွက်က ထောင်သောင်းချီ ရှိပါတယ်။

အမေရိကန်ဦးစီးတဲ့ အကူအညီပေးရေးနေရာတွေမှာ အစ္စရေးရဲ့ သတ်ဖြတ်မှုကို ခံရသူအရေအတွက်က ၁၀၂၁ ဦး ရှိပြီး၊ ဒဏ်ရာရသူ အရေအတွက်က ၆၅၁၁ ဦးရှိနေပါတယ်။

ကမ္ဘာ့နိုင်ငံတွေကတော့ အစ္စရေးရဲ့လုပ်ရပ်ကို ဆက်လက်ရှုတ်ချနေဆဲပါ။

Ref: Aljazeera