News @ M-Media

ဂျာနယ်လစ်များနေထိုင်ရာတဲ ပစ်မှတ်ထား တိုက်ခိုက်ခံရ – ဂါဇာ 

သြဂုတ် ၁၁၊ ၂၀၂၅

M-Media

အလ်ဂျာဇီးရား ဂျာနယ်လစ် အလ်-ရှရစ်ဖ်

 သြဂုတ်လ ၁၁ ရက်နေ့မနက်ပိုင်းက ဂျာနယ်လစ်တွေနေထိုင်တဲ့ တဲတစ်လုံးကို အစ္စရေးက ဒရုန်းနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး ဂျာနာလစ် ၇ ဦးသေဆုံးခဲ့ပါတယ်။ 

ဂါဇာကမ်းမြှောင် အလ်ရှီဖာဆေးရုံ ၀င်ပေါက်နားက တဲတစ်လုံးကို အစ္စရေးက တိုက်ခိုက်ခဲ့တာပါ။ သေဆုံးသူတွေထဲမှာ အလ်ဂျာဇီးရားသတင်းဌာနက ထိပ်တန်း သတင်းတင်ဆက်သူ အနက်စ် အလ်-ရှရစ်ဖ်နဲ့ လုပ်ဖော်ကိုင်ဖက် ၄ ဦး ပါ၀င်သွားပါတယ်။ 

အလ်-ရှရစ်ဖ်ဟာ ပါလက်စတိုင်းနဲ့ ဂါဇာက မြေပြင် ပကတိအခြေအနေတွေကို ကွင်းဆင်းတင်ပြရာမှာ ထင်ရှားပါတယ်။ ဂျာနယ်လစ်များဆိုင်ရာ အဖွဲ့တစ်ချို့က အစ္စရေးရဲ့အန္တရာယ် ရှိနေပြီလို့ အလ်-ရှရစ်ဖ်ကို သတိပေးထားဖူးပါတယ်။ 

မြန်မာအပါအ၀င် ကမ္ဘာတစ်၀ှမ်းမှာ လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ သူတို့ရဲ့ ရာဇ၀တ်မှုတွေကို ဖုံးကွယ်ချင်တဲ့အခါ၊ ရာဇ၀တ်မှုဖော်ထုတ်တဲ့ ဂျာနယ်လစ်တွေကို ပစ်မှတ်ထား လုပ်ကြံလေ့ရှိပါတယ်။ နိုင်ငံတကာ ဥပဒေအရ ဂျာနယ်လစ်တွေကို ပစ်မှတ်ထားတိုက်ခိုက်မှုဟာ စစ်ရာဇ၀တ်မြောက်ပါတယ်။ 

ဂါဇာမှာ ၁၈ လအတွင်း အစ္စရေးလက်ချက်ကြောင့် သေဆုံးသူ ဂျာနယ်လစ် အရေအတွက်ဟာ ၂၀၀ နီးပါး ရှိလာပါပြီ။

Ref: Video Credit – Aljazeera