News @ M-Media

ဆက်သွယ်ရေးနှင့် ဓါတ်အားပေးလုပ်ငန်းများအတွက် တောင်ကိုရီးယားနိုင်ငံမှ ချေးငွေများ မြန်မာရရှိ

နိုဝင်ဘာ ၂၊ ၂၀၁၃
M-Media

t

မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးလုပ်ငန်းများနှင့် ဓါတ်အားပေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ကိုရီးယားနိုင်ငံမှ အတိုးနည်းချေးငွေ ကန်ဒေါ်လာ ၁၅၅.၈၈ သန်း ရရှိခဲ့သည်ဟု မြန်မာ့ဆက်သွယ်ရေး ဒုတိယ၀န်ကြီး ဦးသောင်းတင်က ယမန်နေ့တွင်ပြောကြားခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ၏ ကိုရီးယား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေအဖွဲ့မှ ပေးအပ်သည့် အဆိုပါချေးငွေမှ ၅၅.၈၇ သန်းကို နိုင်ငံအတွင်းရှိ ဆက်သွယ်ရေး တာဝါတိုင်များဆောက်လုပ်ခြင်း၊ အချက်အလက်များပေးပို့ရန်အတွက် မြေအောက်ဖိုက်ဘာဆက်ကြောင်းများ တည်ဆောက်ခြင်းနှင့် ဆက်သွယ်ရေးလုပ်ငန်းများအတွက် ကိရိယာများတပ်ဆင်ခြင်းတို့တွင် အသုံးပြုခဲ့သည်ဟု ယမန်နေ့ကပြုလုပ်ခဲ့သော လွှတ်တော်အစည်းအဝေးတွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် ဒုတိယ၀န်ကြီး ဦးသောင်းတင်ကပြောကြားခဲ့သည်ဟု New Light of Myanmar သတင်းစာတွင် ရေးသားဖော်ပြခဲ့သည်။

ထို့ပြင် ကျန်ရှိသည့် ဒေါ်လာ သန်း ၁၀၀ ကျော်ကို နိုင်ငံအတွင်း ကြုံတွေ့နေရသော လျှပ်စစ်ဓါတ်အားပြတ်တောက်မှုများ၊ မလုံလောက်မှုများကို ဖြေရှင်းရန်အတွက် ဓာတ်အား ၅၀၀ ကီလိုဗို့ ထုတ်လုပ်ပေးနိုင်မည့် တောင်ငူ – ကမာနတ် ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးပရောဂျက်အတွက် အသုံးပြုမည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဦးခင်မောင်စိုးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှာ နိုင်ငံ၏ လျှပ်စစ်ဓါတ်အား ထောက်ပံ့ရေးလုပ်ငန်းများ လုပ်ရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေ ကန်ဒေါ်လာ သန်း ၆၀ ကိုလည်း စောစာပိုင်းကရရှိထားသည်။

Ref : xinhua

Comments

Leave a Reply