ဒီဇင်ဘာ ၁၆၊ ၂၀၁၃
M-Media
– ရုရှားနိုင်ငံသားများ၏ ၆၀ ရာခိုင်နှုန်းမှာ ပင်စင်ယူသည့်အရွယ်အထိ အသက်မရှင်ဟု ကျန်းမာရေးဆိုင်ရာ ကော်မတီ၏ ဒုတိယ ဥက္ကဌ နီကိုလိုင်း ဂျီရာစီမန်ကိုက ပြောကြားခဲ့သည်။
Gazeta.ru သတင်းအေဂျင်စီနှင့် အင်တာဗျူးတွင် ဂျီရာစီမန်က ရုရှားအများစုမှာ ကျန်းမာရေးကို ဂရုစိုက်ခြင်းမရှိဘဲ၊ နေ့စဉ်အစား အသောက်ကိုလည်း ချိန်ညှိခြင်းမရှိကြောင်း၊ ဆေးလိပ်နှင့် အရက်ကို အလွန်မှီဝဲကြကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် လူမှုဘ၀ပုံစံအား ပြောင်းလဲရန်အတွက် စဉ်းစားရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ရုရှားနိုင်ငံတွင် အမျိုးသားများမှာ အသက် ၆၀ တွင် ပင်စင်ယူရန်နှင့် အမျိုးသမီးများမှာ အသက် ၅၅ နှစ်တွင် ပင်စင်ယူရန် အတွက် ပြဌာန်းထားသည်။
Ref: Islam.RU
Leave a Reply
You must be logged in to post a comment.