ဒီဇင်ဘာ ၁၉ ၊ ၂၀၁၃
M-Media
အရှေ့အလယ်ပိုင်း နှင့် အာဖရိကမြောက်ပိုင်း ဒေသများကြား ဆက်သွယ် ဆက်ဆံမှု ချောမွေ့စေရန် ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ အင်္ဂါနေ့က အာရဗ်ဘာသာဖြင့် ၀က်ဆိုဒ် တစ်ခုအား လွှင့်တင်လိုက် ကြောင်း သိရသည်။
အဆိုပါ ၀က်ဆိုဒ်အား “ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီးဌာနအား အာရဗ်ဘာသာဖြင့် တင်ပြခြင်း” ဟု ခေါ်ဆိုပြီး၊ အာရဗ်ဖြင့် သက်ဆိုင်သော အရာများအား ဖော်ပြမည်ဖြစ်ကြောင်း အရှေ့အလယ်ပိုင်း နှင့် အာဖရိကမြောက်ပိုင်း ဒေသများကြားရှိနိုင်ငံခြား နှင့် စီးပွားရေးဖွံဖြိုးမှု (Foreign and Commonwealth Office (FCO)) ဌာန မှ ပြောရေးဆိုခွင့်ရှိသူ ရိုစ့်မယ်ရီ ဒေးဗ်စ် (Rosemary Davis) က ပြောကြားခဲ့သည်။
“၀က်ဆိုဒ်ဟာ အသစ်ဖြစ်တဲ့အတွက် ကျွန်မတို့တစ်ဖြည်းဖြည်းနဲ့ ကဏ္ဍများကို ထည့်သွင်းသွားမှာပါ။ ထို့အတူ သူ့ရဲ့ဒီဇိုင်းကိုလည်း ဒီထပ်ပိုကောင်းမွန်အောင် ဆောင်ရွက်မှာပါ။ ထို့အတူ သူ့မှာ ပါဝင်မယ့် အရာများအား အာရဗ် ဘာသာစကားဖြင့် အဓိကဖော်ပြနိုင်အောင်ကြိုးစားမှာပါ” ဟု သူမက ထည့်သွင်း ပြောကြားသွားခဲ့သည်။
ဝက်ဆိုဒ်အတွင်း ကဏ္ဍများအား အပိုင်းလိုက် ခွဲခြားထားပြီး ထိုအထဲတွင် ၀န်ကြီးဌာနမှ ထုတ်ပြန်သော အထူးသတင်းများအား အာရဗ် ဘာသာဖြင့်ဖော်ပြထားခြင်းလည်း ပါဝင်ကြောင်း သိရသည်။ ထို့အတူ ၀န်ကြီးဌာနမှ ထုတ်ပြန်သော အထူး အင်တာဗျူးများ နှင့် အချက်အလက်များအတွက် သီးသန့် အပိုင်း တစ်ခုကိုလည်း ဖော်ပြထားလေသည်။
ဝက်ဆိုဒ်အတွင်း ဗြိတိန် သံတမန်များ နှင့် သံအမတ်များမှ ၄င်း ဒေသများကို ကိုယ်စားပြုရေးသား ထားသော ဘလော့ဂ်များအားလည်း အာရဗ်ဘာသာစကားဖြင့် ဖော်ပြထားမည်ဖြစ်သည်။
ဒေးဗ်စ်က ယခုကဲ့သို့ ၀က်ဆိုဒ်အသစ်အား တင်ရခြင်းမှာ အာရဗ်ဘာသာစကားသည် လူအသုံးများလာ သလို၊ အရေးကြီးသည့် ဘာသာရပ်တစ်ခုဖြစ်ခြင်းကြောင့် ပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဝက်ဆိုဒ်အတွင်း ပြည်နယ် ဖွံဖြိုးမှုအတွက် ဗြိတိန်မှ လုပ်ဆောင်ပုံများ၊ အထူးသဖြင့် ဆီးရီးယား အရေး တော်ပုံ နှင့် အာရဗ်နှင့် အခြားသော အစ္စလာမ် တိုင်းပြည်များကြားက ဆက်ဆံရေးများ စသည်ဖြင့် ကဏ္ဍများအား တင်ပြမည်ဖြစ်ကြောင်း သိရသည်။
Ref: english.alarabiya
Leave a Reply
You must be logged in to post a comment.