ဖေဖော်ဝါရီ ၃၊ ၂၀၁၄
M-Media
ချမ်းငြိမ်းအေး
ရန်ကုန်။ ။ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အနော်ရထာ စက်မှုဇုန်အပိုင်း ၂- ကို သိမ်းယူထားသော ၀ါဝါ၀င်းကုမ္မဏီမှ လယ်သမား ပိုင်ရှင်မျာ၏ နစ်နာကြေးများကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရုံး (အလုံမြို့နယ်) တွင် ပေးအပ်ခဲ့ပါသည်။
အန်တီ တို့အခုပေးနေတာ အပိုင်း ၂- ကိုပြီးသလောက် ရှိနေပါပြီ။ အခုလည်း ၁ ဧက ကို သိန်း ၅၀- နဲ့ ရှင်းပေးနေပါတယ်။ ဟိုးအရင် လယ်ယာမြေ စုံစမ်းရေးမပေါ်ခင် ကတည်းက ဒီပြသာနာတွေကို ဖြေရှင်းပေးနေတာပါ။ ၁- ဧက ကို ၁၂- သိန်းလောက်ပေါက် ကတည်းပေးနေတာပါ။ လယ်သမားတွေကလည်း သူတို့မြေ မိသားစု ပိုင်တာလို့ ပြောတယ်။ အန်တီတို့အနေနဲ့ အတိအကျလဲ မသိနိုင်တော့ ပူးပေါင်းဆောင်ရွက်နေရပါတယ်။ သူတို့ပိုင်ဆိုင်တယ်လို့ အထောက်အထားနဲ့ အတိအကျပြောရင်တော့ အန်တီတို့အနေနဲ့ မငြင်းတော့ပါဘူး ပေးလိုက်ပါတယ်” ဟု ၀ါဝါ၀င်း ကုမ္မဏီက တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ပါသည်။
ရပ်ကွက်ရပ်ကျေး ရယ် ကော်မရှင်နဲ့ ညှိပြီး ပိုင်ဆိုင်တာ အမှန်ဆိုလျှင် ၎င်းကုမ္မဏီမှ နစ်နာကြေး ပေးအပ်ခဲ့ပါသည်။ ထိုကုမ္မဏီမှ နစ်နာကြေးများကို ၂၀၁၂ ခုနှစ်ကတည်းကပေးဆောင်ခဲ့ရာ ယခုဆိုလျှင် စုစုပေါင်း ဧက ၈၀ လောက်သာကျန်ရှိတော့ကြောင်း သိရှိရပါသည်။
Leave a Reply
You must be logged in to post a comment.