News @ M-Media

တူးနီးရှား ပါလီမန် ရွေးကောက်ပွဲ Nidaa Tunis ပါတီက အမတ်နေရာ အများဆုံးရရှိ

အောက်တိုဘာ ၂၈ ၊ ၂၀၁၄
M-Media
20141027153015986734_20
– ၂၀၁၁ ခုနှစ်တွင် အာဏာရှင် ဘင်အလီကို ဖြုတ်ချခဲ့သည့် တူနီးရှားတွင် ပြုလုပ်ခဲ့သော ပါလီမန်ရွေးကောက်ပွဲ၌ secular Nidaa Tunis ပါတီက အနိုင်ရခဲ့သည်ဟု ကနဦး မဲရေတွက်မှုများအရ သိရသည်။

အစိုးရသစ်အတွက် တူနီးရှားပြည်သူများမှာ တနင်္ဂနွေနေ့က မဲပေးခဲ့ခြင်းဖြစ်ပြီး ပါလီမန်အမတ် ၂၁၇ နေရာတွင် ဘီဂျီ ကာအစ်ဒ် အက်ဆက်ဘ်ဆီ ခေါင်းဆောင်သည့် Nidaa Tunis ပါတီမှ ပါလီမန်အမတ်နေရာ ၈၃ နေရာ (၃၈ ရာခိုင်နှုန်း) ရရှိခဲ့ခြင်းဖြစ်သည်။

တိုင်းပြည်ရှိ ထင်ရှားသည့် အစ္စလာမ့်မစ်ပါတီ  Ennahda မှာ အမတ်နေရာ ၆၈ နေရာ (၃၁ ရခိုင်နှုန်း) ရရှိခဲ့ပြီး Free Patriotic Union ပါတီ နှင့် Popular Front ပါတီတို့မှာ အမတ်နေရာ ၇ ရာခိုင်နှုန်းနှင့် ၅ ရာခိုင်နှုန်း အသီးသီး ရရှိခဲ့သည်။

Ennahda ပါတီမှ အကြီးတန်းတာဝန်ရှိသူ လော့တ်ဖီ ဇီတွန်းက ၎င်းတို့ ရှုံးနိမ့်ခဲ့သည်ဟု ၀န်ခံခဲ့ပြီး နိုင်ငံ၏ အကျိုးအတွက် မိမိတို့ပါတီအပါအ၀င် ညီညွတ်သောအစိုးရဖွဲ့စည်းရန် တိုက်တွန်းခဲ့သည်။

“ကျွန်တော်တို့ ဒီရလဒ်ကို လက်ခံပါတယ်။ အနိုင်ရသွားတဲ့ ပါတီကိုလည်း ဂုဏ်ပြုပါတယ်” ဟု ဇီတွန်းက ပြောကြားခဲ့သည်။ တူနီးရှားနိုင်ငံမှာ အာရပ်နွေဦးတော်လှန်ရေး အစပြုရာ နေရာလည်းဖြစ်သည်။

ref_ Al Jazeera and agencies

Comments

Leave a Reply