အောက်တိုဘာ ၂၈ ၊ ၂၀၁၄
M-Media

– အစိုးရအဆင့် ချစားမှုတိုက်ဖျက်ရေး စီးနင်းမှုအတွင်း စပိန်ရဲများမှာ အကြီးတန်း အရာရှိများ အပါအ၀င် လူ ၅၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု သိရသည်။
ကြီးမားသော ချစားမှုကွန်ယက်၏ အစိတ်အပိုင်းအဖြစ် သံယရှိသော အကြီးတန်းနိုင်ငံရေး သမား ၅၁ ဦးကို ပစ်မှတ်ထား၍ နိုင်ငံအလယ်ပိုင်းတွင် မက်ဒရစ်နှင့် လီယွန်မြို့များရှိ မြိုတော်ခန်းမများ၊ အရှေ့ပိုင်းတွင် မာစီယာနှင့် ဗလင်စီယာမြို့တို့တွင် ယမန်နေ့က ၀င်ရောက် စီးနင်းခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူများမှာ ငွေကြေးခ၀ါချမှု၊ အလွဲသုံးစားလုပ်မှုနှင့် ဆွယ်တရားဟောမှု စသည့် စွဲချက်များဖြင့် တရားစွဲဆိုခံ ရဖွယ်ရှိနေသည်။
ထိုအထဲတွင် ဆွဇ်ဘဏ်အကောင့်၌ ကန်ဒေါ်လာ ၂ သန်းနီးပါးရှိနေသည်ဟု စပိန်သတင်းစာ El Mundo က ဖော်ပြပြီးနောက်ပိုင်း ရာထူးမှ နှုတ်ထွက်သွားခဲ့သည့် အာဏာရ Popular ပါတီမှ အထွေထွေအတွင်းရေးမှူးဟောင်း ဖရန်စစ္စကိုလည်း ပါဝင်သည်။
စပိန်ဂျာနယ်လစ် မီဂွယ် အန်ဇို မူရာဒိုကမူ ဖမ်းဆီးခံရသူများတွင် ပြည်သူ့ပါတီနှင့် အတိုက်အခံ ဆိုရှယ်လစ်ပါတီမှ အဖွဲ့ဝင်များလည်း ပါသည်ဟု ပြောကြားခဲ့သည်။
အဆိုပါဖမ်းဆီးမှုမှာ ချစားမှုနှင့်ပတ်သက်၍ စပိန်သမိုင်းတွင် အကြီးမားဆုံး ဖမ်းဆီးမှုဖြစ်ပြီး ကန်ဒေါ်လာ ၃၁၅ သန်းတန် အစိုးရ၏ ဆောက်လုပ်ရေးကန်ထရိုက်များ ပါဝင်သော ချစားမှု ကွန်ယက်အား ပစ်မှတ်ထား၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ချစားမှုတိုက်ဖျက်ရေး တရားသူကြီးများက ထုတ်ပြန်သော ကြေညာချက် တွင်ဖော်ပြထားသည်။
ref_Al Jazeera and agencies

Leave a Reply
You must be logged in to post a comment.