News @ M-Media

အမေရိကန် စစ်မှုထမ်းဟောင်း တစ်ဦး သေနတ်ဖြင့် ပစ်မှုကြောင့် လူ ၆ ဦးသေဆုံး

ဒီဇင်ဘာ ၁၆ ၊ ၂၀၁၄
M-Media
2014121622614285734_20
– အမေရိကန်ပြည်ထောင်စု ပင်ဆဲလ်ဗေးနီးယားပြည်နယ်တွင် ယမန်နေ့က သေနတ်ဖြင့် ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး လူ ၆ ဦးသေဆုံးခဲ့ သေနတ်သမားအား ရှာဖွေမှုများ ပြုလုပ်နေသည်ဟု သိရသည်။

ဖီလာဒဲလ်ဖီးယားမြို့ အနောက်မြောက်ဘက် ကီလိုမီတာ ၈၀ အကွာ မောင့်ဂိုမာရီကောင်တီရှိ နေရာသုံးခုတွင် ယမန်နေ့နံနက် အရုတ်တက်အချိန်က  ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး သေနတ်သမားမှာ အမေရိကန်စစ်မှူထမ်းဟောင်း ဘရက်ဒလေ ၀ီလီယံစတုန်းဟု အမည်ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

စတုန်းမှာ ဇနီးဟောင်း နီကိုးလ်းနှင့် ကီလိုမီတာ အနည်းငယ်အကွာတွင် နေထိုင်သည့် ဆယ်ကျော်သက်အရွယ် ၎င်း၏ တူမဖြစ်သူတို့ကို ပထမဆုံး သေနတ်ဖြင့် ပစ်ခဲ့ပြီး၊ ဆူဒါတန်ဒေသသို့ သွားရောက်ကာ ဇနီးဟောင်း၏ ညီမ၊ ၎င်း၏ ခင်ပွန်း၊ အသက် ၁၄ နှစ်အရွယ်နှင့် ၁၇ နှစ်အရွယ် သားနှစ်ဦးတို့ကို သေနတ်ဖြင့် ပစ်ခဲ့သည်။ ၎င်းတို့ ၆ ဦးတွင် နီကိုးလ်၏ တူမနှင့် အသက် ၁၇ နှစ်အရွယ် တူဖြစ်သူတို့မှာ အသက်မသေသော်လည်း ပြင်းထန်သော ဒဏ်ရာများဖြင့် စိုးရိမ်ဖွယ်ရာ အခြေအနေတွင် ရှိနေသည်။

ထို့နောက် တစ်နာရီခန့်အကြာတွင် စတုန်း၏ ယောက္ခမဟောင်းနှင့် ၎င်း၏ မိခင်ဖြစ်သူတို့အား သေဆုံးလျက်ရှိသည်ကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည်။

လက်ရှိအချိန်တွင် စတုန်းမှာ ထွက်ပြေးလွတ်မြောက်နေပြီး ရဲတပ်ဖွဲ့ဝင်များကမူ မောင့်ဂိုမာရီ ကောင်တီတစ်ဝှမ်းတွင် ပိုက်စိတ်တိုက် ရှာဖွေလျက်ရှိနေကာ စာသင်ကျောင်းများမှ ကျောင်းသားများနှင့် ဆရာများကိုလည်း ဘေးကင်းရာတွင် ခိုလှုံနေကြရန် အမိန့်ပေးထားသည်။

Agencies

Comments

Leave a Reply