News @ M-Media

ကော်ဖီဆိုင်ပြန်ပေးမှု နောက်ဆက်တွဲ အမုန်းတရား လှုံဆော်မှုတွေ ဆန်ကျင်သည့် လှုပ်ရှားမှု သြဇီပြည်သူတွေ Twitter မှာ ပြုလုပ်

ဒီဇင်ဘာ ၁၆ ၊ ၂၀၁၄
M-Media

#illridewithyou_goes_viral_after_Sydney_siege_-_Asia-Pacific_-_Al_Jazeera_English_-_2014-12-16_11.00.34
– ဆစ်ဒနီမြို့၏ စီးပွားရေးဆိုင်ရာ အချက်အချာကြသည့် မာတင်ပလေ့စ်ဒေသရှိ ကော်ဖီဆိုင်တစ်ခုတွင် သေနတ်သမား တစ်ဦးက ပြန်ပေးဆွဲမှုဖြစ်ပွား ခဲ့ပြီးနောက် ပေါ်ပေါက်လာသည့် မွတ်စလင်ဆန့်ကျင်ရေး လှုံ့ဆော်မှုကို တုံ့ပြန်ရန်၊ နိုင်ငံအတွင်းရှိ မွတ်စလင်လူ့အဖွဲ့အစည်းနှင့် တစ်သားတည်းရှိနေမှုကို ပြသရန် ရည်ရွယ်၍ သြစတေးလျ ပြည်သူများက ဆိုရှယ်မီဒီယာများတွင် လှုပ်ရှားမှုများ ပြုလုပ်နေသည်ဟု သိရသည်။

ထိုကဲ့သို့ ပြန်ပေးဆွဲမှု ဖြစ်ပွားခဲ့ပြီးနောက် သြစတေးလျရှိ အများပြည်သူသုံး ပို့ဆောင်ရေး လိုင်းများတွင် မွတ်စလင်များအား ရည်ရွယ်သည့် လူမျိုးရေး ခွဲခြားမှုများ ဖြစ်ပေါ်လာ ခဲ့သည်ဟု သတင်းများထွက်ပေါ်လာခဲ့ပြီး ထိုလုပ်ရပ်များအား တုံ့ပြန်ရန်အတွက် သြစတေးလျ ပြည်သူများက Twitter စာမျက်နှာတွင် #illridewithyou ဟူသော စာတန်းဖြင့် လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့သည်။

2014121513518189734_20

အဆိုပါ ကမ်ပိန်းရဲ့ သဘောမှာ ပြန်ပေးမှုနောက်ဆက်တွဲကြောင့် လူနည်းစု ဘာသာဝင်တွေ အလုပ် သွား၊ ကျောင်းသွားချိန်မှာ  တန်ပြန် လက်စားချေမှု အတွက် စိုးရိမ် သောက ရောက်၊ စိတ်မလုံခြုံမှု မဖြစ်စေဖို့ သူတို့နဲ့ အတူ ရထားစီး၊ ကားစီး အတူ သွားပေးဖို့၊ ကားကြုံတွေ တင်ဖို့ ဆော်သြတဲ့ လှုပ်ရှားမှုပါ။

မွတ်စလင်များအား အားပေးရန်နှင့် တစ်သားတည်းရှိရန် ရည်ရွယ်သည့် ထိုလှုပ်ရှားမှုမှာ သြစတေးလျတစ်ဝှမ်းနှင့် ကမ္ဘာတစ်ဝှမ်းရှိ Twitter သုံးစွဲသူများအကြား ပြန့်နှံ့ခဲ့ပြီး မွတ်စလင်များ အနေဖြင့် လှုံ့ဆော်မှုများကို မကြောက်ကြရန်နှင့် မိမိတို့မှာ မွတ်စလင်အားလုံးနှင့် အတူရှိနေသည်ဆိုသော မှတ်ချက်များဖြင့် အဆိုပါလှုပ်ရှားမှုကို ပူးပေါင်းပါဝင်ခဲ့ကြသည်။

သြစတေးလျ လူမျိုးရေးခွဲခြားမှု တုံ့ပြန်ရေး မဟာမင်းကြီး Tim Soutphommasane ကလည်း မိမိမှာ ထိုလှုပ်ရှားမှုအတွက် ပီတိဖြစ်မိကြောင်း ပြောဆိုခဲ့ပြီး ကြောက်ရွံ့မှု၊ အမုန်းတရားနှင့် ကွဲပြားမှုကို လက်မခံခြင်းဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

အချို့သော ခရစ်ယာန်ဘုရားကျောင်းများကလည်း ၎င်းတို့၏ ကြော်ငြာသင်ပုန်းတွင် #illridewithyou စာတမ်းကို ရေးသားခဲ့ကြပြီး အချို့သော Twitter အသုံးပြုသူများကလည်း နာဇီလက်ထက် ဂျူးအမျိုးသမီးများကို ဟိဂျဘ်ဝတ်ဆင်၍ မွတ်စလင်များက ကာကွယ်ကယ်တင်ပေးခဲ့သည့် ဓာတ်ပုံများကိုလည်း လွှင့်တင်ခဲ့ကြသည်။

aljazeera

#illridewithyou_goes_viral_after_Sydney_siege_-_Asia-Pacific_-_Al_Jazeera_English_-_2014-12-16_11.00.09

Comments

Leave a Reply