News @ M-Media

အီရတ်နှင့် ဆီးရီးယားတွင် IS အား တိုက်ခိုက်နေသည့် ကာ့ဒ်တပ်ဖွဲ့များ အရှိန်ရလာ

ဒီဇင်ဘာ ၂၆၊ ၂၀၁၄
M-Media

1510535_815664185142720_8649803981243951165_n

– IS မှ သိမ်းယူထားသော အီရတ်နိုင်ငံမြောက်ပိုင်းရှိ နယ်မြေများအား
ပြန်လည်သိမ်းယူရန်အတွက် အီရတ်ရှိ ကာ့ဒ်တပ်ဖွဲ့ Peshmerga မှ ထိုးစစ်ဆင်မှုများမှာ အရှိန်ရလာပြီဟု သိရသည်။

အဆိုပါ ကာ့ဒ်တပ်ဖွဲ့မှာ IS လက်အတွင်းမှ ရွာပေါင်းအများအပြားကို ယခုသီတင်းပတ်အတွင်း ဆက်တိုက်သိမ်းယူနိုင်ခဲ့ပြီး ဆင်ဂျာတောင်တွင် ပိတ်မိနေသော ယာဇီဒီလူမျိုးများကိုလည်း ဒီဇင်ဘာ ၁၈ ရက်နေ့က ကယ်တင်နိုင်ခဲ့သည်။

Peshmerga တပ်မှ တပ်မှူး ဟာရှင်မ် စီတာအီကမူ မိမိတို့မှာ မဟာဗျူဟာကျသည့်
နယ်မြေတော်တော်များများကို သိမ်းပိုက်နိုင်ခဲ့သည်ဟု အလ်-ဂျာဇီးရား သတင်းဌာနသို့ ပြောကြားခဲ့သည်။

`အဓိကလမ်းကြောင်းတွေကို ကျွန်တော်တို့ သိမ်းပိုက်ခဲ့ပါတယ်။ အထူးသဖြင့် အီရတ်-ဆီးရီးယား နယ်ခြားက လမ်းတွေပါ။ ဒီဒေသတွကို ဘယ်သူပဲထိန်းချုပ် ထိန်းချုပ် တစ်ပန်းသာပါတယ်´ ဟု ၎င်းကဆိုသည်။ ထို့ပြင် ကာ့ဒ်တပ်ဖွဲ့များအား အမေရိကန်ဦးဆောင်ပြီး အာရပ်နိုင်ငံများပါဝင်သည့် မဟာမိတ်အဖွဲ့က လေကြောင်းမှ ကူပစ်ပေးခဲ့ကြသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

IS အဖွဲ့က နယ်မြေအမြောက်အများ သိမ်းပိုက်ထားသည့် ဆီးရီးယားနိုင်ငံတွင်လည်း ကာ့ဒ်တပ်များမှာ IS အဖွဲ့အား တိုက်ခိုက်မှုများ ပြုလုပ်နေပြီး ဒီဇင်ဘာ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း IS တပ်ဖွဲ့ဝင် ၄၄ ဦးကို ကာ့ဒ် ပြည်သူ့ကာကွယ်ရေးတပ် YPG က သုတ်သင်နိုင်ခဲ့ကာ ဟာဆာခီပြည်နယ်ရှိ ကက်ဆီယဘ်ရွာကိုလည်း
သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောကြားခဲ့သည်။

Ref : Aljazeera

Comments

Leave a Reply