ဇွန် ၉၊ ၂၀၁၅
M-Media
– တောင်ကိုရီးယားတွင် မားစ်ရောဂါ ကူးစက်ပြန့်နှံ့မှု မြင့်မားလာပြီး သေဆုံးသူများလည်း များလားသည့်အချိန်တွင် မြန်မာနိုင်ငံအတွင်း ၀င်ရောက်မှုမရှိစေရေး စောင့်ကြည့်မှုများကို စတင်ပြုလုပ်နေသည်ဟု ကျန်းမာရေး တာဝန်ရှိသူများက ပြောကြားလိုက်သည်။
ယမန်နေ့က နေပြည်တော်တွင်ပြုလုပ်ခဲ့သည့် မားစ်ရောဂါ ကာကွယ်တားဆီးရေး ညိနှိုင်းအစည်အဝေးတွင် ဒုတိယကျန်းမာရေးဝန်ကြီး ဒေါ်သိန်းသိန်းဌေးက ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ပြန့်နှံ့မှုမြန်ဆန်သည့် အဆိုပါဗိုင်းရပ်စ်ပိုး တောင်ကိုရီးယားတွင် မကြာသေးမီက ကူးစက်နေမှုမှာ ရောဂါပိုးသန္ဓေတည်ရာ အရှေ့အလယ်ပိုင်းအပြင်ဘက်တွင် အကြီးဆုံး ကူးစက်ပြန့်နှံခြင်းလည်း ဖြစ်သည်ဟု ဆိုသည်။
ပြည်သူ့ကျန်းမာရေးဌာနမှ အထွေထွေဒါရိုက်တာဖြစ်သူ ဦးစိုးလွင်ငြိမ်းကလည်း မားစ်ရောဂါပိုး မြန်မာနိုင်ငံအတွင်း မပြန့်နှံ့စေးရေးအတွက် ကျန်းမာရေး တာဝန်ရှိသူများမှာ နိုင်ငံတကာလေဆိပ်များနှင့် နယ်စပ်စစ်ဆေးရေးဂိတ်များတွင် ခရီးသွားများအာ စောင့်ကြည့်လျက်ရှိနေသည်ဟု ပြောကြားခဲ့သည်။
“လေဆိပ်တွေနဲ့ နယ်စပ်စစ်ဆေးရေးဂိတ်တွေမှာ ကျွန်တော်တို့ဟာ နိုင်ငံတကာက ရောက်လာသူတွေကို ကိုယ်အပူချိန် စောင့်ကြည့်စစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်” ဟု ဒေါက်တာ စိုးလွင်ငြိမ်းက ပြောကြားခဲ့ပြီး မားစ်ရောဂါ ကူးစက်နေသည်ဟု သံသယရှိသူများကို ကုသမှုများပေးရန် မြို့နယ်အဆင့် ဆေးရုံများတွင်လည်း ပြင်ဆင်မှုများ ပြုလုပ်ထားသည်ဟုဆိုသည်။
မားစ်ဗိုင်းရပ်စ်ပိုးကို ၂၀၁၂ ခုနှစ်က စတင်တွေ့ရှိခဲ့ရခြင်း ဖြစ်ပြီး နိုင်ငံပေါင်း ၂၅ နိုင်ငံမှ လူပေါင်း ၁၃၀၀ ကျော်ကို ကူးစက်ခဲ့ကာ လူ ၄၅၀ ခန့် သေဆုံးခဲ့သည်။ လက်ရှိ တောင်ကိုရီးယားတွင် ကူးစက်နေသူ ၁၀၀ နီးပါး ရှိနေပြီး သေဆုံးသူမှာ ၇ ဦးအထိ ရှိလာပြီဖြစ်သည်။
မြန်မာအစိုးရကမူ မားစ်ရောဂါကို ပိုမိုကောင်းမွန်သောပုံစံဖြင့် တားဆီးရေးအတွက် ဆွေးနွေးရန် သက်ဆိုင်ရာဝန်ကြီးဌာများနှင့် အစည်းအဝေးကျင်းပရန် စီစဉ်နေသည်။
Ref: Bangkokpost


Leave a Reply
You must be logged in to post a comment.