စက်တင်ဘာ ၂၅၊ ၂၀၁၅
M-Media
အရှေ့အလယ်ပိုင်းမှ ဒုက္ခသည်မျာကို ယူကရိန်း လက်ခံမည်
……………………………..
အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ ဒုက္ခသည်များ ဥရောပသို့ ၀င်ရောက်လာမှုပြဿနာကို ဖြေရှင်းရန်အတွက် မိမိတို့က ကူညီသွားမည်ဖြစ်ပြီး ထိုဒုက္ခသည်များအား တိုင်းပြည်၌ လက်ခံသွားမည်ဟု ယူကရိန်း လူဝင်မှုကြီးကြပ်ရေးဌာနက ယနေ့တွင်ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။ သို့သော်လည်း အရေအတွက်မည်မျှ လက်ခံမည်ဆိုသည်ကို ပြောဆိုခဲ့ခြင်း မရှိချေ။
မြောက်ကိုရီးယားနယ်စပ်တွင် နိုင်ငံသားတစ်ဦး ပစ်ခတ်ခံရမှု တရုတ် စုံစမ်းမည်
……………………………..
မြေက်ကိုရီးယားနှင့် နီးကပ်နေသည့် နယ်စပ်တွင် စက်တင်ဘာ ၁၈ ရက်နေ့က ဖြစ်ပွားခဲ့သော ပစ်ခတ်မှုအတွင်း တရုတ်နိုင်ငံသားတစ်ဦး ဒဏ်ရာရရှိမှုအတွက် စုံစမ်စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားလိုက်သည်။ တောင်ကိုရီးယားမီဒီယာများကမူ မြောက်ကိုရီးယားစစ်သားများက တရုတ်နိုင်ငံသားတစ်ဦး၏ ကားကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။
နိုင်ဂျာအီးဒ်ပွဲတော်အတွင်း ဘိုကိုဟရမ်မှ ၀င်ရောက်ပစ်ခတ်မှု ၁၅ ဦးသေဆုံး
………………………………
နိုက်ဂျီးရီးယားမြောက်ပိုင်းတွင် အခြေစိုက်သည့် ဘိုကိုဟရမ် စစ်သွေးကြွအဖွဲ့မှ အိမ်နီးချင်း နိုင်ဂျာနိုင်ငံ တောင်ဘက်မှ ရွာတစ်ရွာကို ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့သောကြောင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့ဟု အာဏာပိုင်များက ယနေ့တွင် ပြောကြားခဲ့သည်။ နှစ်နိုင်ငံနယ်စပ်ရှိ ရွာငယ်တစ်ခုဖြစ်ပြီး နိုင်ဂျာမှ အစ္စလာမ်ဘာဝင်များ အီးဒ်ပွဲတော် ဆင်နွှဲနေစဉ် ၀င်ရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
Ref: News Agencies
Leave a Reply
You must be logged in to post a comment.