အောက်တိုဘာ ၂၀၊ ၂၀၁၅
M-Media
– ပြီးခဲ့သည့်နှစ် ဒီဇင်ဘာက အိန္ဒိယနိုင်ငံ မြို့တော်ဒေလီတွင် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်မှုအတွက် Uber တက္ကဆီယာဉ်မောင်းဖြစ်သူ ရှီဗ် ကူးမားရ် ယာဒက်ဗ်ကို တရားရုံးက ယနေ့တွင် အပြစ်ရှိကြောင်း ဆုံးဖြတ်လိုက်သည်ဟု သိရသည်။
ထိုအမျိုးသမီးမှာ ကူးမားရ်၏ တက္ကဆီကို စီး၍ ညပိုင်း အိမ်ပြန်လာစဉ် အဓမ္မပြုကျင့်ခံခဲ့ရခြင်းဖြစ်ပြီ ထိုအမှုက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ စွဲကပ်နေသည့် မြို့တော်ဒေလီရှိ အမျိုးသမီးများကို ကြောက်ရွံ့မှု တိုးစေခဲ့သည်။
ကူးမားရ်အား အဓမ္မပြုကျင့်မှု၊ ပြန်ပေးဆွဲမှု၊ ခြိမ်းခြောက်မှုနှင့် နာကျင်စေမှုတို့ဖြင့် တရားစွဲဆိုထားပြီး လာမည့် သောကြာနေ့တွင် အမိန့်ချမှတ်မည်ဖြစ်သည်။ ပြီးခဲ့သည့်နှစ် ထိုပြဿနာ ဖြစ်ပွားပြီးကတည်းက အမေရိကန်အခြေစိုက် အငှားကား ကုမ္ပဏီတစ်ခုဖြစ်သော Uber ၏ ဒေလီရှိ လုပ်ငန်းများကို ရပ်ဆိုင်းရန် အိန္ဒိယအစိုးရက အမိန့်ပေးခဲ့သည်။
Ref: Aljazeera


Leave a Reply
You must be logged in to post a comment.