အောက်တိုဘာ ၂၂၊ ၂၀၁၅
M-Media
– ယနေ့မနက် ချန်ပီယံလိဂ်ပွဲတွင် မကျူးလွန်သင့်သည့်အမှားကို ကျူးလွန်ခဲ့သည့် မာရှယ်အား မိမိအနေဖြင့် ခွင့်လွှတ်ပြီးခဲ့ပြီဟု မန်ယူနည်းပြ ဗန်ဂါးလ်က ပြောကြားခဲ့ပြီး စွမ်းဆောင်ရည်အတွက်လည်း ချီးကျူးခဲ့သည်။
စီအက်စ်ကေအေ အသင်းနှင့် ၁ ဂိုး စီသရေကျခဲ့သည့် ထိုပွဲတွင် စီအစ်က်ကေအေ ရရှိခဲ့သည့် ဦးဆောင်ဂိုးမှာ မာရှယ်က ဧရိယာအတွင်း လက်ဖြင့် တမင်တားခဲ့ခြင်းကြောင့် ပေးခဲ့ရသည့် ပင်နယ်တီမှ ပြန်ထွက်လာသော ဘောလုံးကို ဒွမ်ဘီယာက ပိတ်သွင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် မာရှယ်ကပင် အသင်းအတွက် ချေပဂိုး ပြန်သွင်းပေးခဲ့သည်။
“မာရှယ်လို တုန့်ပြန်မှုမျိုးက ရူးနှမ်းတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဖြစ်ခဲ့ပြီးပါပြီ။ ကျွန်တော်တို့အားလုံးဟာ လူသားတွေဖြစ်ကြတယ်။ စိတ်ဆိုးတယ်ဆိုတာ မှန်ကန်တဲ့ ကိစ္စမျိုးတော့ မဟုတ်ပါဘူး။ ဘောလုံးပိုင်ဆိုင်မှုမှာ ကျွန်တော်တို့ သိပ်နှေးတာကြောင့် စိတ်ပျက်ကောင်းစိတ်ပျက် ကြပါလိမ့်မယ်” ဟု ဗန်ဂါးလ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။
ထို့ပြင် မာရှယ်မှာ ပြိုင်ဘက်များကို ဒုက္ခပေးနိုင်ပြီး၊ အသက် ၁၉ နှစ်အရွယ် လူငယ်ကစားသမားဖြစ်သော်လည်း အဆင့်တစ်ခုတွင် ရှိနေကြောင်း ချီးကျူးပြောဆိုခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.