ဇန်န၀ါရီ ၁၀၊ ၂၀၁၆
M-Media
– နိုင်ငံပေါင်း ၁၃၀ တွင် လုပ်ငန်းတိုးချဲ့မှု အစိတ်အပိုင်းအဖြစ် ကမ္ဘာ့အကြီးဆုံး အင်တာနက် ရုပ်သံကွန်ယက်ဖြစ်သည့် Netflix မှာ မြန်မာနိုင်ငံသို့ ၀င်ရောက်လာပြီဟု သိရသည်။
လက်ရှိအချိန်တွင် Netflix မှာ တစ်လ အခမဲ့စမ်းသပ်အသုံးပြုခွင့်ပေးထားပြီး နောက်ပိုင်းတွင် Package များဖြင့် ရောင်းချမည်ဖြစ်ကာ အနိမ့်ဆုံး ဈေးနှုန်းမှာ တစ်လလျှင် ၈ ဒေါ်လာဖြစ်မည်ဖြစ်သည်။ သို့သော်လည်း အင်တာနက် အသုံးစားရိတ်နှင့်ထည့်ထွက်ပါက ပိုမိုဈေးမြင့်သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ နှေးကွေးသော အင်တာနက်ကွန်နက်ရှင်နှင့် ဈေးကြီးသော အသုံးပြုခတို့က Nestflix ၏ ၀န်ဆောင်မှုများအား အသုံးပြုရန် အဟန့်အတားဖြစ်စေမည် ဖြစ်သည်။
“ဟုတ်ကဲ့။ Netflix ဟာ မြန်မာနိုင်ငံမှာ အခု အသုံးပြုလို့ရပြီဆိုတာ ကျွန်မ ကြားပါတယ်။ ဒီဗီဒီအခွေဆိုင်တွေကို ဘယ်လိုရိုတ်ခတ်နိုင်လဲ ဆိုတာကိုတော့ ပြောဖို့ စောပါသေးတယ်။ ဒါပေမယ့် ဈေးကတော့ တော်တော်ပေးရမှာပါ။ အချို့လူတွေက တတ်နိုင်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် သူတို့ဟာ ဒီဗီဒီအခွေတွေကိုပဲ ခါတိုင်းလို မှီခိုနေပါလိမ့်မယ်” ဟု ဒီဗီဒီအခွေဆိုင်ပိုင်ရှင်ဖြစ်သူ မဆွိက ပြောကြားခဲ့သည်။
Netflix ၏ ၀န်ဆောင်မှုများအား Credit Card သို့မဟုတ် Paypal ကဲ့သို့ အွန်လိုင်ဘဏ်အကောင့်များဖြင့်သာ ၀ယ်ယူသုံးစွဲနိုင်မည် ဖြစ်သောကြောင့် လက်ငင်းငွေသားကိုသာ အများဆုံးအသုံးပြုသည့် မြန်မာနိုင်ငံအတွက် ရုန်းကန်ရမည်ဖြစ်သည်။
လက်ရှိအချိန်တွင် Credit Card များကို အသုံးပြု၍ မရသေးသော်လည်း Myanmar Payments Union ကမူ ၂၀၁၅ ခုနှစ် ဇူလိုင်လ စာရင်းများအရ မြန်မာနိုင်ငံတွင် Debit Card အသုံးပြုသူမှာ ၁.၂ သန်း ရှိနေသည်ဟု ခန့်မှန်းတွက်ချက်ထားသည်။
မြောက်ကိုရီးယား၊ တရုတ်နှင့် ဆီးရီးယားနိုင်ငံတို့မှလွဲ၍ Netflix မှာ နိုင်ငံပေါင်း ၁၉၀ ကျော်တွင် ဘာသာစကား ၂၀ ကျော်ဖြင့် ထုတ်လွှင့်နေပြီး ပါဝင်ခြင်းမရှိပေ။
Ref: Myanmar Times
Leave a Reply
You must be logged in to post a comment.