ဇန်န၀ါရီ ၁၀၊ ၂၀၁၆
M-Media
– တရုတ်နိုင်ငံ ဟီနန်ပြည်နယ်မှ ၃၇ မီတာမြင့်သည့် မော်စီတုံးရုပ်တုကြီးကို အစိုးရခွင့်ပြုချက်မရှိပဲ ဆောက်လုပ်သည့်အတွက် ဖြိုချခံခဲ့ရသည်ဟု သိရသည်။
တရုတ်ကွန်မြူနစ်ပါတီ၏ ခေါင်းကိုင်ဖခင်ကြီးဖြစ်ပြီး ဟီနန်ပြည်နယ်ရှိ လယ်ကွင်းခေါင်ခေါင်တွင် ထီးထီးမားမားကြီး ထိုင်နေသည့် အဆိုပါ ရွှေရည်သုတ်ရုပ်တုကြီးမှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လူမှုကွန်ရက်များတွင် အလွန်အမင်း ပြန့်နှံ့ခဲ့ကာ ထိုရုပ်ထုမှာ ကမ္ဘာ့သတင်းစာများ၏ ခေါင်းစီးအဖြစ် ဖော်ပြခြင်းခံခဲ့ရသည်။
People’s Net သတင်းဌာနကမူ ထိုရုပ်ထုကြီးမှာ ဖျက်ဆီးခံခဲ့ရသသည်ဟု ဒေသခံ အာဏာပိုင်းများ၏ ပြောကြားမှုကို ကိုးကား၍ ယမန်နေ့တွင် ဖော်ပြခဲ့သည်။ သို့သော်လည်း ဒေါ်လာ ၄၆၀၀၀၀ ကုန်ကျခဲ့သည် အဆိုပါရုပ်ထုအား မည်သည့်အကြောင်းကြောင့် ဖျက်ဆီးရသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။ သတင်းအချို့ကမူ စိုးရ၏ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ခြင်းကြောင့် ဖြိုချခံခဲ့ရသည်ဟု ဖော်ပြခဲ့သည်။
ရုပ်တု၏ ကုန်ကျစားရိတ်ကို ဒေသတွင်း လုပ်ငန်းရှင်ပေါင်းများက ငွေကြေးထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး ၉ လ ကြာခဲ့ပြီးနောက် ဒီဇင်ဘာတွင် အပြီးသတ်နိုင်ခဲ့သည်။ အငတ်ဘေးကြောင့် လူသန်းပေါင်းများစွာ သေဆုံးခဲ့ရသည့်အတွက် မော်စီတုံးမှာ အပြစ်တင်ခြင်း ခံခဲ့ရသော်လည်း တရုတ်နိုင်ငံသူနိုင်ငံသားများက နိုင်ငံကို စုစည်းနိုင်ခဲ့သည့် ၎င်းအား ကြည်ညိုလေးစားကြသည်။
၁၉၅၀ ပြည့်နှစ် နှောင်းပိုင်းကာလများတွင် မော်စီတုန်း၏ စီးပွားရေးပေါ်လစီများကြောင့် ဟီနန်ပြည်နယ်တွင် လူသန်း ၄၀ ခန့် အသက်ဆုံးရှုံးခဲ့ရသည့်အတွက် မော်စီတုံးရုပ်ထုအား ထိုပြည်နယ်တွင် ဆောက်လုပ်မှုကို အင်တာနက်အသုံးပြုအချို့က ဝေဖန်ခဲ့ကြသည်။

Ref: Al-jazeera
Leave a Reply
You must be logged in to post a comment.