ဧပြီ ၁၃၊ ၂၀၁၆
M-Media
– ယခုရာသီတွင် မိမိတို့အသင်းမှာ ထင်သလောက် မကောင်းသော်လည်း ဆိုးဆိုးဝါးဝါးမဟုတ်ဟု ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ပြောကြားလိုက်သည်။
ယနေ့မနက်က ကစားခဲ့သည့် ၀ုလ်ဖ်ဘာ့ဂ်အသင်းနှင့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွင် ရော်နယ်ဒို၏ ဟက်ထရစ်ဖြင့် ရီးယဲလ်က အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်း ၃ ဂိုး ၂ ဂိုးဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။
ခြေစွမ်းမပြနိုင်သည့် ရော်နယ်ဒိုနှင့်အတူ ရီးယဲလ်မှာ ယခုရာသီတွင် ဝေဖန်မှုများကို ခံစားနေရသည်။ သို့သော်လည်း ချန်ပီယံလိဂ် ၁၀ ပွဲတွင် ၁၆ ဂိုး သွင်းယူပေးထားသည့် ရော်နယ်ဒိုကမူ မိမိတို့မှာ ဆိုးဆိုးဝါးဝါး မဖြစ်သေးဟု ဆိုသည်။
“ခြုံပြီးပြောရင် ထင်သလောက်မကောင်းပေမယ့် အဆိုးကြီးတော့ မဟုတ်ပါဘူး။ ကျွန်တော် အရမ်း ပျော်ရွှင်မိပါတယ်။ ဒါဟာ ကျွန်တော်တို့ ကြိုးစားပမ်းစား အားထုတ်မှုရဲ့ ရလဒ်ပါပဲ။ ကြိုစားသူတွေကို ဘုရားသခင်ကလည်း ကူညီပါတယ်။ အခုတော့ ကျွန်တော်တို့ဟာ ဆုဖလားနဲ့ လက်တစ်ကမ်းအလိုမှာ ရှိနေပြီး မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး” ဟု ရော်နယ်ဒိုက ပြောကြားခဲ့သည်။
Ref : Goal


Leave a Reply
You must be logged in to post a comment.