မေ ၅၊ ၂၀၁၆
M-Media
– ဥရောကသမဂ္ဂ(EU) နိုင်ငံတွေက ကမ္ဘာလှည့်ခရီးသည်တွေအတွက် ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်ကို တူရကီက လက်ခံလိုက်ပြီလို့ သိရပါတယ်။
ဒါပေမယ့် EU နိုင်ငံတွေက တူရကီနိုင်ငံသားတွေအတွက် ဗီဇာကင်းလွတ်ခွင့်ပေးမှသာလျှင် ဒီသဘောတူညီချက်ကို အကောင်အထည်ဖော်မှာဖြစ်တယ်လို့ တူရကီက ထုတ်ဖော်ပြကြားထားပါတယ်။ ဒါနဲ့ပတ်သက်လို့ ဥရောပ ကော်မရှင်က တုန့်ပြန်ရာမှာ တူရကီဘက်က သတ်မှတ်ချက် ၇၂ ချက်ကို ပြည့်မီအောင် ဆောင်ရွက်မှ ဗီဇာကင်းလွတ်ရေး ထောက်ခံချက်ပြုလုပ်ပေးမယ်လို့ ဆိုပါတယ်။
ဗီဇာကင်းလွတ်ခွင့်ပေးမယ့် ခရီးသွားလာခွင့်ဟာဆိုရင် တူရကီက ဒုက္ခသည်တွေ ဥရောပနိုင်ငံတွေဆီ ၀င်ရောက်မှုကို လျှော့ချဖို့ နိုဝင်ဘာလက ချုပ်ဆိုထားတဲ့ သဘောတူညီချက်ရဲ့အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ တူရကီရဲ့ အီးယူဆိုင်ရာဝန်ကြီး ဗောလ်ကန် ဘော့ဇ်ကီရ်က တူရကီနိုင်ငံသားတွေအနေနဲ့ ဇွန်လအဆုံးပိုင်းလောက်မှာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို ဗီဇာမလိုဘဲ သွားလာနိုင်တော့မှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
Ref: IINA
Leave a Reply
You must be logged in to post a comment.