မေ ၂၁၊ ၂၀၁၆
M-Media
– ဂိုးသွင်းရခြင်းမှာ မိမိလုပ်ရမည့်အလုပ်ဖြစ်ပြီး ထိုသို့လုပ်ရသည့်အတွက်လည်း ပျော်ရွှင်မိသည်ဟု မန်ချက်စတာယူနိုက်တက်အသင်း၏ တိုက်စစ်မှူး အန်သိုနီမာရှယ်က ပြောကြားလိုက်သည်။
မိုနာကိုမှ ပေါင် ၃၆ သန်းဖြင့် မန်ယူသို့ ရောက်ရှိလာခဲ့သည့် မာရှယ်မှာ ယခုရာသီတွင် အသင်းအတွက် ပြိုင်ပွဲအားလုံး၌ ၁၇ ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ၁၁ ဂိုး ဖန်တီးပေးနိုင်ခဲ့သည်။ အသက် ၂၀ အရွယ်သာရှိသေးပြီး ယခုနှစ် အသင်းတွင် ဂိုးသွင်းအများဆုံးဖြစ်ခဲ့သည့် မာရှယ်ကို တိုက်စစ်မှူး ရူနီကလည်း ချီးကျူးခဲ့သည်။
မာရှယ်ကမူ မိမိထံမှ ဂိုးများကို ပိုမိုမြင်တွေ့ရဖွယ်ရှိနေသည်ဟု ဆိုသည်။
“ဂိုးသွင်းတယ်ဆိုတာ ကျွန်တော်လုပ်တဲ့အလုပ်ပါ။ ကျွန်တော့်ကို ပျော်ရွှင်မှုအပေးဆုံးအလုပ်လည်း ဖြစ်ပါတယ်။ ဂိုးသွင်းရပြီဆိုရင် ကျွန်တော့်စိတ်ထဲမှာ တစ်အားပျော်ပါတယ်။ ဒါပေမယ့် ကျွန်တော်က အဲဒီအပျော်ကို အပြင်ကို အလွန်အကျွံထုတ်ပြောတတ်သူ မဟုတ်ပါဘူး။ ဂိုးသွင်းရင် မပျော်ဘူးလားဆိုရင်တော့ အဲလို မဟုတ်ပါဘူး။ ဂိုးသွင်းတာဟာ ကျွန်တော့်ကို ပျော်ရွှင်မှု အပေးနိုင်ဆုံးပါ” ဟု မာရှယ်က ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.