မေ ၂၁၊ ၂၀၁၆
M-Media
– ပါလက်စတိုင်းပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်တဲ့ကိစ္စတွေအတွက် အစ္စရေးကို အရေးယူဖို့နဲ့ အစ္စရေး ထုတ်ကုန်တွေကို သပိတ်မှောက်တဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ဖို့အတွက် ဥရောပမှာရှိတဲ့ အဖွဲ့အစည်းပေါင်း ၃၀၀ ကျော်က ဥရောပသမဂ္ဂ (EU) ကို တိုက်တွန်းစာတစ်စောင် ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
အဲဒီတောင်းဆိုစာမှာ ပြင်သစ်၊ ဂျာမနီ၊ နော်ဝေနဲ့ ဘယ်လ်ဂျီယံတို့က နိုင်ငံရေးပါတီများ၊ ကုန်သွယ်ရေးသမဂ္ဂများ၊ ခရစ်ယာန် ဘုရားကျောင်းများ၊ လူ့အခွင့်အရေးနဲ့ ကူညီထောက်ပံ့ရေးအဖွဲ့အစည်း စုစုပေါင်း ၃၅၂ ဖွဲ့ ပါဝင်ပါတယ်။
စာလွှာထဲမှာ ပါလက်စတိုင်းတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်ကာ ဖိနှိပ်ချုပ်ချယ်နေတဲ့ အစ္စရေးကို သပိတ်မှောက်ရေး နိုင်ငံတကာလှုပ်ရှားမှုဖြစ်တဲ့ Boycott, Divestment and Sanctions (BDS) မှာ ပူးပေါင်းပါဝင်ပြီး လူတစ်ဦးချင်းစီနဲ့ အသင်းအဖွဲ့တွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးဖို့လည်း အီးယူကို တိုက်တွန်းခဲ့ပါတယ်။
ပါလက်စတိုင်းပြည်သူတွေရဲ့ လူ့အခွင့်အရေးအတွက် လှုပ်ရှားနေတဲ့သူတွေကို ကာကွယ်ရေး လိုအပ်တဲ့ဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်ကြီးထံ တောင်းဆိုလွှာတစ်စောင် တင်သွင်းမှုမှာ ၀င်ရောက်လက်မှတ်ထိုးကြဖို့လည်း BDS လှုပ်ရှားမှုက အခြားသော ပြည်သူတွေကို တိုက်တွန်းနေပါတယ်။
ဥရောပအဖွဲ့အစည်းတွေက ဥရောပသမဂ္ဂကို ဒီလိုတိုက်တွန်းမှုဟာ အစ္စရေးအာဏာပိုင်တွေက BDS လုပ်ရှားမှုကို ဖိနှိပ်ရေး ဥပဒေတွေပြဌာန်းဖို့ ဥရောပအစိုးရတွေဆီ မကြာသေးမီက တောင်းဆိုမှုအပြီးမှာ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
Ref: Presstv
Leave a Reply
You must be logged in to post a comment.