News @ M-Media

အကြွေးပြန်မရပါက ယူကရိန်းပိုင်ဆိုင်မှုများကို ရပ်တန့်ပစ်မည်ဟု ရုရှားပြော

ဇူလိုင် ၃၀၊ ၂၀၁၆
M-Media

russia

– ယူကရိန်းအနေနဲ့ ရုရှားကို ဒေါ်လာ ၃ ဘီလီယံ အကြွေးပြန်ပေးဖို့ ငြင်းဆန်မယ်ဆိုရင် ပြည်ပမှာရှိနေတဲ့ ယူကရိန်း ပိုင်ဆိုင်မှုတွေ လည်ပတ်နေတာကို ရပ်တန့်ဖို့အတွက် တရားစွဲဖို့ ရှိနေတယ်လို့ ရုရှားသမ္မတရုံးနဲ့ နီးကပ်တဲ့ရင်းမြစ်တစ်ခုကို ကိုးကားပြီး Izvestia daily သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဒီသီတင်းပတ်အစောပိုင်းက ယူကရိန်းဘဏ္ဍာရေးဝန်ကြီး Oleksandr Danilyuk က ယူကရိန်းအနေနဲ့ ရုရှားကို ဒေါ်လာ ၃ ဘီလီယံအကြွေး ပြန်ပေးဖို့မရှိကြောင်းနဲ့ အဲဒီအကြွေးဟာ နိုင်ငံရေးကြွေးမြီသာဖြစ်တယ်လို့ ဆိုပါတယ်။ ရုရှားကတော့ ဒါဟာ သူတို့ရဲ့ အချုပ်အခြာဖြစ်တယ်လို့ တုန့်ပြန်ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာဥပဒေအရ ပိုင်ဆိုင်မှုတွေရဲ့ လည်ပတ်မှုကို ရပ်တန့်တာဟာ ငွေကြေးစီးဆင်းမှုကို ရပ်တန့်စေမှာဖြစ်ပြီး အဲဒီအတွက် စီးပွားရေးအရ ဖိအားတွေ ရှိလာမှာဖြစ်ပါတယ်။ ဒီနှစ်အစောပိုင်းကလည်း ဒီဇင်ဘာလအတွင်းက ပြန်ပေးရမယ့် ကြွေးမြီတွေ မပေးမှုအတွက် ယူကရိန်းကို လန်ဒန်တရားရုံးချုပ်မှာ တရားစွဲဆိုခဲ့ပါတယ်။

အခုအကြွေး ၃ ဘီလီယံအတွက် ယူကရိန်းအနေနဲ့ နောက်ထပ် သုံးနှစ်အတွင်း တစ်နှစ်လျှင် တစ်ဘီလီယံနှုန်းနဲ့ အရစ်ကျပေးသွင်းနိုင်တဲ့ ကြွေးမြီသက်သာရေး အစီအစဉ်တစ်ခုကို ရုရှားက အကြံပြုခဲ့ပြီး ယူကရိန်းကပေးဖို့ရှိတဲ့ အကြွေးတွေအတွက် အမေရိကန်၊ ဥရောပသမဂ္ဂ ဒါမှမဟုတ် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကနေ အာမခံချက်လိုချင်တယ်လို့ လည်း ပြောထားပါတယ်။

Ref : RT

Comments

Leave a Reply