သြဂုတ် ၂၉၊ ၂၀၁၆
M-Media
– ချက်နိုင်ငံ ပရာဂူမြို့ရှိ ဆူရှီစားသောက်ဆိုင်တစ်ခုမှာ ဒေသတွင်းမြစ်တစ်ခုမှ တရားမ၀င်ဖမ်းဆီးသည့် ငါးများကို အသုံးပြု ရောင်းချသောကြောင့် ဒေါ်လာ ၂ သန်း ဒဏ်တပ်ခံရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။
Vltava မြစ်တွင်ဖြစ်ပြီး ငါးထောင်ဖမ်းသည့် နေရာများကို ဒေသခံများက သတိပြုမိပြီးနောက် စုံစမ်းစစ်ဆေးခဲ့ကာ ထိုကဲ့သို့ တရားမ၀င် ငါးဖမ်းနေမှုကို တွေ့ရှိရခြင်းဖြစ်သည်။ အစပိုင်းတွင် ဒေသခံများက ငါးမျှားနေသည်ဟု မထင်ဘဲ ရေထဲရှိဘဲများကို ထောင်ဖမ်းရန်ကြိုးစားသည့် ဇာတ်ဝင်ခန်းရိုက်ကူးနေသည်ဟုသာ ယူဆခဲ့ကြသည်။
သို့သော်လည်း နောက်ပိုင်းတွင် ရဲတပ်ဖွဲ့၏ စစ်ဆေးမှုများအရ ၎င်းတို့မှာ ငါးဖမ်းနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ငါးဖမ်းသမားများအနက် တစ်ဦးမှာ မြို့တွင်းရှိ Haru Sushi Bar ဆူရှီဆိုင် အမှတ်တံဆိပ်ပါသည့် စားဖိုမှူးဝတ်စုံ ၀တ်ဆင်ထားသည်။
ထို့နောက် ဆူရှီဆိုင်သို့ သွားရောက်စစ်ဆေးရာတွင်လည်း မြစ်အတွင်းမှ ငါကြင်းအထုတ်ကို တွေ့ရှိခဲ့သည်။
ချက်နိုင်ငံ စိုက်ပျိုးမွေးမြူရေးနှင့် အစားအစာလုံခြုံရေးအာဏာပိုင် (CAFIA) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မြစ်ထဲဖမ်းမိသော ငါးများကို တစ်ကိုယ်ရည်စားသုံးနိုင်ပြီး စီးပွားဖြစ် ရောင်းချခွင့်မရှိကြောင်း ပြောကြားသည်။
ဆူရှီဆိုင်ကမူ ထိုငါးများမှာ ၀ယ်သူများအတွက်မဟုတ်ဘဲ ၀န်ထမ်းများအား ကျွေးရန်သာဖြစ်သည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ အသေးစိတ်ပြုလုပ်သွားရန် ရှိနေပြီး ပြစ်မှုထင်ရှားပါက ဒေါ်လာ ၂ သန်းခန့် ဒဏ်ရိုက်ခံရဖွယ် ရှိနေသည်။
Ref : RT
Leave a Reply
You must be logged in to post a comment.