စက်တင်ဘာ ၁၆၊ ၂၀၁၆
M-Media
– အမေရိကန်ပြည်ထောင်စုအနေဖြင့် အီရတ်နိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ဒေါ်လာ ၁၈၁ သန်း ပေးမည်ဟု ဗုဒ္ဓဟူးနေ့တွင် ပြောဆိုလိုက်ပြီး ယင်းအကူအညီမှာ အီရတ်တပ်များ IS လက်ထဲမှ မိုဆူးလ်မြို့ကို ပြန်လည်ရယူမည့်အချိန်တွင် အိုးအိမ်စွန်ခွာရမည့် ပြည်သူများအတွက် သုံးစွဲရမည်ဖြစ်သည်။
စစ်သွေးကြွများ ထိန်းချုပ်ထားသည့် အကြီးဆုံးမြို့ဖြစ်သော မိုဆူးလ်မြို့အား ပြန်လည်သိမ်းပိုက်ရေးကို အစောဆုံး လာမည့်လတွင် ပြုလုပ်သွားရန် ရှိနေသည်။
“ဒီနေရာမှာ IS တွေ အကြီးအကျယ် သောင်းကျန်းနေတဲ့အတွက် အသင့်ပြင်ထားရပါတယ်၊ အခု အရေးတကြီးလုပ်ရမှာက အဲ့ဒီကြိုးပမ်းအားထုတ်မှုကို ပြီးပြည့်စုံစေဖို့ပဲ ဖြစ်ပါတယ်။ အမှန်တကယ်ဆိုရင် မိုဆူးလ်မြို့ဟာ အီရတ်နိုင်ငံရဲ့ အကြီးဆုံး အစိတ်အပိုင်းပါ” ဟု အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်န်က ဘဂ္ဂဒက်မြို့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
ဝန်ကြီးမှာ ထိုးစစ်ဆင်ရေးကိစ္စအတွက် အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါ အလ်အာဘာဒီ၊ အခြားတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရန် ဘဂ္ဂဒတ်သို့ ရောက်ရှိနေခြင်းဖြစ်ပြီး ယခုပေးအပ်မည့် အကူအညီများကို အရေးပေါ် အစားအစာနှင့် ကယ်ဆယ်ရေး အကူအညီများ ကြိုတင်ပြင်ဆင်ထားရေးတွင် အသုံးပြုရမည်လည်း ပြောကြားခဲ့သည်။
မကြာမီပြုလုပ်တော့မည့် မူဆိုးလ်အား ပြန်လည်သိမ်းပိုက်ရေးတိုက်ပွဲတွင် ပြည်သူ ၁ သန်းခန့် အိုးအိမ်စွန့်ခွာထွက်ပြေးရဖွယ် ရှိနေသည်ဟု ခန့်မှန်းထားသည်။
၂၀၁၄ ခုနှစ်မှစ၍ အီရတ်နိုင်ငံသို့ ထပ်ဆောင်းပေးပို့နေသော အမေရိကန်၏ အကူအညီမှာ ကန်ဒေါ်လာ ၁ ဘီလီယံ ကျော်လာခဲ့ပြီဖြစ်သည်။
Ref : IINA


Leave a Reply
You must be logged in to post a comment.