News @ M-Media

S-400 ဒုံးခွင်းနစ်ကို တိုင်းပြည်က လိုအပ်နေသည်ဟု အာဒိုဂန်ပြော

သြဂုတ် ၃၁၊ ၂၀၁၈
M-Media

S-400 ဒုံးခွင်းစနစ်

– တိုင်းပြည်အတွက် လိုအပ်နေတဲ့ S-400 ဒုံးခွင်းစနစ်ကို အမြန်ဆုံး အရယူသွားမယ်လို့ တူရကီသမ္မတ အာဒိုဂန်က ပြောကြားလိုက်ပါတယ်။

နေတိုးအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့ တူရကီအနေနဲ့ ရုရှားရဲ့ ဒီဒုံးခွင်းစနစ် ၀ယ်ယူဖို့ စီစဉ်မှုအတွက် အမေရိကန်နဲ့ အခြား နေတိုးအဖွဲ့ဝင်နိုင်ငံတွေက အပြင်းအထန် ကန့်ကွက်နေကြတာပါ။

S-400 ဒုံးခွင်းစနစ်ဟာ ကမ္ဘာပေါ်က အဆန်းသစ်ဆုံး ဒုံးခွင်းစနစ်တွေထဲက တစ်ခုလို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပြီး ကီလိုမီတာ ၄၀၀ အတွင်း လေကြောင်းပစ်မှတ်မျိုးစုံကို ပစ်ခတ်နိုင်ပါတယ်။ ရုရှားကလည်း ဒီစနစ်ကို သတ်မှတ်ထားတဲ့အချိန်ထက် တစ်နှစ်စောပြီး ၂၀၁၉ ခုနှစ်မှာ ပေးပို့သွားမယ်လို့ အခုလ အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

မနေ့က စစ်တပ်အရာရှိတွေရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ အာဒိုဂန်က တူရကီဟာ ဒီ ဒုံးခွင်းစနစ်ကို လိုအပ်တယ်လို့ ထပ်မံ ပြောကြားခဲ့ပါတယ်။

တူရကီဟာ ၂၀၁၄ ခုနှစ်မှာ အမေရိကန်ထံကနေ F-35 တိုက်လေယာဉ်တွေ ၀ယ်ယူဖို့အတွက် ကမ်းလှမ်းခဲ့ပြီး S-400 ဒုံးခွင်းစနစ်ကိစ္စကြောင့် တူရကီကို လေယာဉ်မရောင်းဖို့ အမေရိကန်လွှတ်တော်က ဆုံးဖြတ်ထားပါတယ်။

အာဒိုဂန်ကတော့ အမေရိကန်မရောင်းရင် တစ်ခြားနိုင်ငံတွေကနေ ၀ယ်ယူသွားမယ်လို့ မနေ့က အခမ်းအနားမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ရုရှားထံကနေ S-400 ၀ယ်ယူဖို့ ကြိုးစားတာဟာ တူရကီ တစ်နိုင်ငံတည်းမဟုတ်ဘဲ အိန္ဒိယနိုင်ငံကလည်း ၀ယ်ယူဖို့ စီစဉ်နေပါတယ်။ အမေရိကန်ကတော့ အိန္ဒိယအနေနဲ့ ဒီစနစ်ကို ၀ယ်ယူမယ်ဆိုရင် ပိတ်ဆို့မှုတွေ ပြုလုပ်သွားမယ်လို့ မနေ့မှာ ခြိမ်းခြောက်ခဲ့ပါတယ်။

Ref: Aljazeera