News @ M-Media

ဂါဇာကမ်းမြှောင်က အစ္စရေးပေးသော ဒုက္ခများ

ဒီဇင်ဘာ ၇၊ ၂၀၂၃

M-Media 


-ဟားမက်စ်ရဲ့ တိုက်ခိုက်မှုကို တုန့်ပြန်တယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်မှာ အစ္စရေးက တိုက်ခိုက်သတ်ဖြတ်မှုတွေ ပြုလုပ်လာတာ ၂ လကျော်လာပြီဖြစ်ပါတယ်။ 

စုစုပေါင်း ပါလက်စတိုင်းပြည်သူ ၁၇၁၇၇ ဦး အသတ်ခံထားရပြီး အများစုက အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ 

ဒဏ်ရာရသူအရေအတွက် ၄၆၀၀ ကျော်ရှိပြီး၊ လူပေါင်း ၇၆၀၀ လောက် ပျောက်ဆုံးနေပါတယ်။ 

ပါလက်စတိုင်းပိုင်နက် နောက်တစ်ခုဖြစ်တဲ့ အနောက်ဖက်ကမ်းမှာလည်း အစ္စရေးနဲ့ တရားမ၀င် ဂျူးအခြေချနေထိုင်သူတွေရဲ့ တိုက်ခိုက်သတ်ဖြတ်မှုကြောင့် ၂၆၆ ဦး သေဆုံးခဲ့ပြီး၊ ၃၃၆၅ ဦး ဒဏ်ရာရထားပါတယ်။ 

သမိုင်းတစ်လျှောက် အေးချမ်းစွာ နေထိုင်လာခဲ့တဲ့ပါလက်စတိုင်းတွေဟာ တရားမ၀င်၀င်လာတဲ့ ဂျူးတွေရဲ့ လက်နက်ကိုင် နယ်မြေလု တိုက်ခိုက်မှုကြောင့် ၁၉၄၈ ခုနှစ်မှာ နိုင်ငံပျောက်ဆုံးခဲ့ရပါတယ်။ 

အဲဒီနောက် ပါလက်စတိုင်းမှာ ဂျူးလက်နက်ကိုင်တွေ ထူထောင်ခဲ့တဲ့ အစ္စရေးနိုင်ငံရဲ့ တိုက်ခိုက်သတ်ဖြတ်မှုကို နှစ်ပေါင်း ၇၀ ကျော် ခံခဲ့ရပြီး လူပေါင်း သိန်းချီ သေဆုံးခဲ့ကာ သန်းနဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ 

Ref: Aljazeera