News @ M-Media

၂၄ နာရီအတွင်း ဂါဇာတွင် လူ ၃၅၀ အသတ်ခံရ

ဒီဇင်ဘာ ၈၊ ၂၀၂၃

M-Media 


-ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်မှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အစ္စရေးက အနည်းဆုံး လူ ၃၅၀ လောက်ကို သတ်ဖြတ်ခဲ့ပါတယ်။ 

ဒုက္ခသည်စခန်းတွေနဲ့ လူနေအိမ်ယာတွေကို အဓိက ပစ်မှတ်ထားကာ အကြမ်းဖက်နေတာ ဖြစ်ပါတယ်။ 

အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း ဂါဇာမှာ အစ္စရေးရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၁၇၁၇၇ ဦး ရှိလာပြီဖြစ်ပါတယ်။

ဒဏ်ရာရရှိသူက ၄၆၀၀၀ လောက်ရှိပြီး ဖျက်ဆီးခံရတဲ့ အဆောက်အဦးတွေအတွင်း ပိတ်မိပျောက်ဆုံးနေသူ အရေအတွက်က ၇ ထောင်နီးပါး ရှိနေပါတယ်။ 

အနောက်ဖက်ကမ်းမှာလည်း အစ္စရေးစစ်တပ်နဲ့ တရားမ၀င် အခြေချဂျူးတွေရဲ့ အကြမ်းဖက်မှုကြောင့် ၂၆၆ ဦး သေဆုံးပြီး၊ ဒဏ်ရာရသူက ၃၃၆၅ ဦး ရှိနေပါတယ်။ 

Ref: Aljazeera