News @ M-Media

“သိပ္ပံ-ဝိဇ္ဖာနယ်ပယ်တွင် မွတ်စလင်(မ်) တို့၏ ကြိုးပမ်းဆောင်ရွက်များ” စာအုပ်ထွက်ရှိ

မတ်လ ၁ ၊ ၂၀၁၃
M-Media

Muslims' contributions to the sciences and art

သိပ္ပံ-ဝိဇ္ဖာနယ်ပယ်တွင် မွတ်စလင်(မ်) တို့၏ကြိုးပမ်းဆောင်ရွက်များ ခေါင်းစဉ်ဖြင့် စာအုပ်ကို ဖြန်ချီလိုက်ကြောင်းသိရပါသည်။

စာအုပ်တွင် သမိုင်းတစ်လျှောက် မွတ်စလင်(မ်)တို့၏ ကြိုးပမ်း ဆောင်ရွက်ချက်များကို ဘာသာရပ်အလိုက်တင်ပြပေးထားသည်။ ဘာသာရပ်အလိုက်စွမးစွမ်း တမံ ဆောင်ရွက်ခဲ့သော ပညာရှင်များကိုလည်း တစ်ဦးချင်းအလိုက် တင်ပြပေးထားသည်။

အစ္စလာမ်နှင့် Civilization၊ သိပ္ပံပညာရပ်များကို ကျမ်းမြတ်ကုရ်အာန်က တင်ပြထားပုံ၊ အစ္စလာမ်တွင်ပညာ၏ အရေးပါမှု၊  ဘာသာရေးပညာနှင့် ခေတ်ပညာ Golden Age နှင့် Dark Age  ကျမ်းမြတ်ကုရ်အာန် အပေါ်ခေတ်သစ်သိပ္ပံ ပညာရှင်များ၏ မှတ်ချက်များ စသည့်အကြောင်းအရာများကို ကာလာဓာတ်ပုံများဖြင့် တင်ပြထားပါသည်။

စာအုပ်ရေးသားပြုစုသူမှာ ဒေါက်တာသန့်ဇင်ထွန်းဖြစ်ပြီး ပင်ရင်း သန့်ဇင်ထွန်း ပုံနှိပ်တိုက်/ရွက်စုံစာပေ (၁၈၅၊၃၈လမ်း) နှင့် အမြို့မြို့အနယ်နယ်ရှိ စာပေတိုက်များတွင် ၀ယ်ယူရရှိနိုင်နိုင်ကြောင်း သိရပါသည်။

Comments

Leave a Reply