News @ M-Media

မိထ္ထီလာ လူသတ်မှု့တရားစွဲခံ ရသူ သံသယ တရားခံများတွင် မပတ်သက်သူများ ပါဝင်နေ

မေ-၇-၂၀၁၃
M-Media
KK

1
လူသတ်မှုဖြင့် တရားစွဲခံထားရသော သံသယရှိသူများအား တရားရုံးအထွက်တွေ့ရစဉ် (ဓါတ်ပုံ RFA)

မိတ္ထီလာမြို့ရှိ မွတ်စလင်မ်များအား အကြမ်းဖက်ခံရမှုတွင် ဘုန်းတော်ကြီးတစ်ပါး သေမှုဖြင့် သံသယရှိသူ မွတ်စလင်မ် ၇-ဦးအား ဖမ်းဆီး၍ တရားစွဲဆိုခံခဲ့ရသည်။ ထိုတရားစွဲခံရသူများထဲတွင် ဘုန်းကြီးသေဆုံးမှုနှင့် မပတ်သက်သူ များလည်း ပါဝင်ကြောင်း သိရသည်။

သံသယရှိသူ ၇ ယောက်တွင် အသက် ၁၈ နှစ်အောက် တယောက်ပါသောကြောင့် ၄င်း အားကလေးသူငယ်အက်ဥပဒေဖြင့် အသစ်ပြန်လည် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။ ကျန် ၆ ယောက်ကို ခရိုင် တရားရုံးတွင် တရားစွဲဆိုနေပြီ ဖြစ်ကြောင်း သိရသည်။

စွပ်စွဲဖမ်းဆီး တရားစွဲဆိုခြင်း ခံထားရသည့်ထဲမှ ကိုဇော်ထက်နိုင်နှင့် ကိုမျိုးဝင်းတို့ မှာ ဘုန်းကြီး သတ်သော အမှုနှင့် ဘာမှ မပတ်သက်ကြောင်း၊ အခြားနေရာမှ ရဲများရိုက်ထားသည့် ဓာတ်ပုံတွင် ပါသဖြင့် ဖမ်း သွားခြင်းဖြစ်ပါ ယခုအခါ ၆ ယောက်လုံးကို အမှုတွဲ တခုထဲဖြင့် တရားစွဲထားခြင်းဖြစ်သည်။

တရားစွဲဆိုခြင်းခံရသူများကို  ရှေ့ နေကွန်ရက်မှ  ၇ ဦး  မှတွေ့ဆုံရန် ကြိုးစားခဲ့သောလည်း စစ်ချက်ယူသည့်နေ့ တွင် ရှေ့ နေများအား ၀င်ခွင့်မပေးကြောင်း၊ စွပ်စွဲခံထားရသူများမှာလည်း ရှေ့ နေများနှင့် တိုင်ပင်ခွင့် မရကြောင်း မြို့ ခံတဦးကဆိုသည်။ ထို အပြင် အကျဉ်းခန်းထဲတွင် အဓမ္မ ဖိအားပေးပြီး အပြစ်ရှိကြောင်း ၀န်ခံလက်မှတ် ရေးထိုးခိုင်းကြောင်းလည်းသိရသည်။

သံသယတရားခံ မွတ်စလင် ၆ ဦးသည် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိပါက သေဒဏ်ရင်ဆိုင်ရလိမ့်မည်ဟု မန္တလေးတိုင်း ဥပဒေရေးရာချုပ် ဦးရဲအောင်မြင့်က အေအက်ဖ်ပီသို့ ပြောကြားခဲ့ကြောင်း သိရသည်။

Comments

Leave a Reply