News @ M-Media

ရခိုင်:: သံတွဲ ငန်းကျွန်းကျေးရွာရှိ မွတ်စလင်မ်ပိုင် တဲ၂-လုံးနှင့် ကြက်ခြံ မီးရှို့ဖျက်ဆီးခံရ

စက်တင်ဘာ ၁၊ ၂၀၁၃
M-Media
အေးမောင်

1174753_1409391222616905_398583224_n

သံတွဲ ။         ။         ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ တောင်ညိုကျေးရွာအကျော် ငန်းကျွန်းကျေးရွာတွင် မွတ်စလင်မ်ပိုင် တဲ-၂လုံးနှင့် ကြက်ခြံတစ်ခြံအား အကြမ်းဖက်သမားများက ယနေ့ နံနက် ၁-နာရီခန့်က မီးရှို့ ဖျက်ဆီးလိုက်ကြောင်း  သိရသည်။

“သံတွဲနဲ့ ၅-မိုင်လောက်ဝေးတဲ့နေရာမှာ တောင်ညိုကျေးရွာဆိုတာရှိတယ်။ တောင်ညိုကျေးရွာအလွန်က ငန်းကျွန်းကျေးရွာဆိုတာရှိတယ်။ အဲဒီ ငန်းကျွန်းကျေးရွာမှာ တဲ ၂-တဲနဲ့ ကြက်ခြံကို မီးရှို့ခံလိုက်ရတယ်။ ကိုစောထွန်းနဲ့ ကိုဝင်းရွှေတို့ပိုင်တာပါ။ ဒီနေ့ မနက်အစောကြီး ၁-နာရီက မီးရှို့ခံလိုက်ရတာပါ။ သံတွဲ အံတော်မှာ မီးရှို့တာနဲ့ပတ်သက်ပြီး တစ်နေ့က ဆင်ဂေါင်းဆိုတဲ့ရွာမှာ ၅-ယောက်ကို ဖမ်းတယ်။ အဲလို ဖမ်းတာကို ဒေါသထွက်လို့ ဒီရွာမှာလာပြီး မီးရှို့တယ်လို့ သိရတယ်။”လို့ သံတွဲမြို့ခံမှ ပြောပြလာပါတယ်။

အကြမ်းဖက်သမားများသည် သံတွဲမြို့အား အကြမ်းဖက်မှုများဖြစ်ပေါ်စေရန် အမြဲတစေ လှုံ့ဆော်မှုများပြုလုပ်လျက်ရှိရာ သံတွဲမြို့ပေါ်တွင် အကြမ်းဖက်မှုများ မပေါ်ပေါက်စေရန် ၀ိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်နေရကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံကို ရောက်ရှိနေသည့် မစ္စတာ နမ်ဘီးယားသည် မနက်ဖြန်တွင် သံတွဲကို ရောက်ရှိမည်ဖြစ်သောကြောင့် သံတွဲမြို့ အံတော်မြို့သစ်တွင် မီးရှို့ခံရသည့် အိမ်များအား ပြန်လည်ထူထောင်သည့် အခြေအနေများကို ဓါတ်ပုံရိုက်ယူမှုများ ပြုလုပ်လျက်ရှိပါတယ်။ သံတွဲမြို့ခံ မွတ်စလင်မ်များမှလည်း မစ္စတာနမ်ဘီးယားနှင့် တွေ့ဆုံ၍ ဒေသအခြေအနေများကို တင်ပြဆွေးနွေးမှုများပြုရန် ဆန္ဒရှိနေသည်ဟုလည်း M-Media ကို သံတွဲမြို့ခံတစ်ဦးမှ ထပ်မံ ပြောကြားလာပါတယ်။

1235024_1409391302616897_1915987549_n

Comments

Leave a Reply