News @ M-Media

Rakhine: ကုလကိုယ်စားလှယ် နမ်းဘီးယား စစ်တွေ အောင်မင်္ဂလာရပ်ကွက်မှ မွတ်စလင်မ်များနှင့် တွေ့ဆုံ

စက်တင်ဘာ၊ ၂ ရက်၊ ၂၀၁၃
M-Media
ဓါတ်ပုံ- နေလ၀န်း(စစ်တွေ)
554505_651283371551284_979620403_n
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Vijay Nambiar ဟာ ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှာ စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်၊ ဗလီ၌ ဒေသခံ အစ္စလာမ် ဘာသာဝင်များနှင့် တွေဆုံခဲ့တယ်လို့ သိရပါတယ်။

ထိုသို့တွေ့ဆုံစဉ် အစိုးရအဖွဲမှာ လ၀က ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ ၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင် နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ အတူ တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

Mr. Nambiar ဟာ သူရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်မှာ ဘူးသီးတောင်၊ မောင်တော၊ ပေါက်တောနဲ့ စစ်တွေမြို့နယ်တွေက ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။

အောင်မင်္ဂလာရပ်ကွက်ဟာ ယမန်နှစ် က စစ်တွေမြို့မှာ အကြမ်းဖက်မှုတွေဖြစ်ပွားပြီး မီးရှို့အကြမ်းဖက်မှုများ မခံရတဲ့ တခုတည်းကျန်ရစ်သော မွတ်စလင်မ် အများစု နေထိုင်ရာ ရပ်ကွက်ဖြစ်ပါတယ်။

1184922_651281928218095_1099101161_n
1233463_651283834884571_758207400_n
1238944_651282641551357_271479586_n

Comments

Leave a Reply