News @ M-Media

စက်တင်ဘာ ၂၂ နိုင်ငံတကာနှင့် ပြည်တွင်းသတင်းတို

စက်တင်ဘာ၊ ၂၂
M-Media

 

အကြမ်းဖက်မှုနဲ့ တရားဥပဒေစိုးမိုးရေး အားနည်းတာကြောင့် ရင်းနှီးမြှုပ်နှံသူတွေ စိုးရိမ်

စင်္ကာပူနိုင်ငံကို ခေတ္တရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ကပြုလုပ်တဲ့ စင်္ကာပူထိပ်သီးညီလာခံမှာ မိန့်ခွန်း ပြောကြားရာတွင် မြန်မာပြည်တွင် စီးပွား တိုးတက်ရန် အစိုးရ အာမခံထားသော်လည်း ပြည်တွင်းညီညွတ်ရေး၊ တရားဥ့ဒေ စိုးမိုးမှု တိုးတက်ရေးနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး အဓိကကျကြောင်း၊ စစ်မှန်သည့် အောင်မြင်မှုရရန် အချင်းချင်းညီညွတ်ကြဖို့လိုကြောင်း၊ ပွင့်လင်းမြင်သာမှု လိုအပ်ကြောင်းနှင့် မြန်မာ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲနေသော်လည်း လူမျိုးရေးအကြမ်းဖက်မှုနဲ့ တရားဥပဒေစိုးမိုးရေးတွင် အားနည်းမှုများကြောင့် ရင်းနှီးမြုပ်နှံသူတွေ စိုးရိမ်စရာရှိနိုင်ကြောင်းကို ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။
_________________________

အလုပ်ထုတ်ခံ အလုပ်သမားများ ဆန္ဒပြ

တောင်ဒဂုံ စက်မှုဇုံရှိ ဟုန်ရှင်းအအေးခန်းစက်ရုံမှ အလုပ်ထုတ်ခံရသော စက်ရုံ ၀န်ထမ်း (၁၀၀)ခန့်သည် သူတို့၏ နစ်နာမှုများကို ထုတ်ဖော်သည့်အနေဖြင့် သူတို့အား
အလုပ်ပြန်ခန့်ရန်အတွက် ယနေ့ နေ့လည် ၂း၃၀-နာရီမှ စတင်ကာ ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြခဲ့ကြပါတယ်။
_________________________

ရဲတွေနဲ့ ပဋိပက္ခဖြစ်ခဲ့တဲ့ ၀ဲကြီးရွာသားများ တရားစွဲခံရ

နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ၀ဲကြီးရွာတွင် လွန်ခဲ့သည့် ၁၉-ရက် ညပိုင်းက ရွာသားများနှင့် ရဲများအကြား ပဋိပက္ခဖြစ်ပွားမှုနဲ့ပတ်သက်ပြီး ရွာသား ၁၀-ဦးကို နေပြည်တော် ဇေယျာသီရိမြို့နယ် ရဲမှူးက တရားလိုပြုလုပ်ပြီး ပုဒ်မ ၃၃၃ အပါအ၀င် ပုဒ်မ ၃-ခုနဲ့ တရားစွဲဆိုထားကြောင်း RFA သတင်းဌာနမှာ ဖော်ပြပါရှိပါတယ်။
________________________

လာမည့် Sea Game အတွက် Theme Song ရွေးချယ်လိုက်ပြီ

မကြာခင် အိမ်ရှင်အဖြစ် လက်ခံ ပြုလုပ်တော့မယ့် ၂၇-ကြိမ်မြောက် Sea Game အတွက် Theme Song တစ်ပုဒ်ကို ရွေးလိုက်ပြီဖြစ်ကြောင်း၊ သီချင်း အပုဒ်ပေါင်း ၃၀၀-ကျော်အနက်မှ တစ်ပုဒ်တည်းကို Theme Song အဖြစ် ရွေးချယ်ပြီး Offical Songs အဖြစ် အခြား သီချင်း ၄-ပုဒ်ကိုလည်း ရွေးချယ်ခဲ့ကြောင်း ကမာရွတ်မီဒီယာ ရုပ်သံသတင်းမှ သိရှိရပါတယ်။
________________________

ဘိုရှီလိုင်းအား တရုတ်အစိုးရက တစ်သက်တစ်ကျွန်းပြစ်ဒဏ်ချ
Bo Xilai sentenced to life in prison
တရုတ်အစိုးရသည် ယခင်နိုင်ငံရေးသမားဟောင်း ဘိုရှီလိုင်းအား အဂိတ်လိုက်စားမှု၊ လာဘ်ပေး လာဘ်ယူမှု၊ အာဏာ အလွဲသုံးစားမှုတို့ဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်သည်ဟု သိရသည်။

ဂျီနန်ပြည်သူ့တရားရုံးမှ ယမန်နေ့ကအမိန့်ချမှတ်လိုက်ခြင်းဖြစ်ပြီး ဇီလိုင်း၏ပိုင်ဆိုင်မှုများအားလုံးကိုသိမ်းယူလိုက်သည်ဟု တရားရုံး၏ တွစ်တာ စာမျက်နှာတွင် ဖြော်ပခဲ့သည်။

ပေါ်လစ်ဗျူရို၏ အကြီးအကဲဟောင်းဖြစ်ပြီး တရုတ်နိုင်ငံအနောက်တောင်ပိုင်း ချိုကွင်းမြို့ကွန်မြူနစ်ပါတီ၏ အကြီးအကဲဖြစ်သူ ဇီလိုင်းက တရားစွဲဆိုနေစဉ်အတွင်း စွဲချက်များကို ငြင်းဆိုခဲ့သည်။

တရုတ်နိုင်ငံရှိ တရားရုံးများမှာတရားမျှတမှုမရှိဘဲ အမိန့်ချမှတ်မှုများမှာလည်း မှန်ကန်မှုမရှိဟု အများက ယူဆနေကြသည်။

Ref: aljazeera

________________________

ကန်ဒေါ်လာ သန်း၂၇၀တန်ဖိုးရှိ ကိုကင်းများ ပဲရစ်မြို့တွင်ဖမ်းမိ

ဗင်နီးဇွဲလားမှ ပဲရစ်မြို့သို့ဆိုက်ရောက်လာသည့် ပြင်သစ်လေကြောင်းလိုင်းမှ ကုန်တင်လေယာဉ်တစ်စီးတွင် ကိုးကင်း ၁.၃ တန်ကို ဖမ်းဆီး ရမိခဲ့သည်ဟု ပြင်သစ်ပြည်ထဲရေး ၀န်ကြီး မန်နျူယဲလ် ဗီလာစ်ကပြောကြားခဲ့သည်။

လက်ဆွဲအိတ်များဖြင့် ထည့်ထားသည့် အဆိုပါကိုးကင်းများအား ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်နေ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ကန်ဒေါ်လာ သန်း ၂၇၀ တန်ဖိုးရှိကာ ပြင်သစ်မြို့ပြ ဧရိယာအတွင်း အကြီးဆုံးဖမ်းဆီးရမိခြင်းဖြစ်သည်ဟု ယမန်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဗီလာစ်ကပြောကြားခဲ့သည်။

ကိုကင်းများကိုသယ်ဆောင်လာသည့် အဆိုပါကုန်တင်လေယာဉ်မှာ ဗင်နီဇွဲလားနိုင်ငံ ကာရာကတ်စ်မြို့မှပဲရစ်သို့ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး စပိန်၊ ဗြိတိန်၊ ဟော်လန်နိုင်ငံတို့မှ ရဲတပ်ဖွဲ့များက ပူးပေါင်းဆောင်ရွက်သည့် စစ်ဆင်ရေးတွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။

________________________

ဖိလစ်ပိုင်မြောက်ပိုင်းတွင် တိုင်ဖုန်း မုန်တိုင်းကြောင့် လူ ၂ ဦးသေဆုံး

ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းတွင်ခတ်နေသော တိုင်ဖုန်း ယူဆာဂီ(ဒေသအေခါ် အိုဒက်တီ)ကြောင့် လူနှစ်ဦးသေဆုံးခဲ့ကာ ၂ ဦးပျောက်ဆုံးနေသည်ဟု အစိုးရတာဝန်ရှိသူက ယမန်နေ့ကပြောကြားလိုက်သည်။

သေဆုံးခဲ့သူများမှာ ဖိလစ်ပိုင်မြောက်ပိုင်း အော်ရိုရာပြည်နယ်တွင် သင်္ဘောဝန်ထမ်းများအပါဝင် လူ ၁၃ ဦးတင်ဆောင်လာသည့် မော်တော်ဘုတ်ငယ်တစ်စီး မုန်တိုင်းကြောင့် သောကြာနေ့ကနစ်မြုပ်ခဲ့မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး ၉ ဦးအား ကယ်တင်နိုင်ခဲ့ကာ ၂ ဦးမှာပျောက်ဆုံးနေသည်ဟု အမျိုသား သဘာဝဘေးအန္တရယ် စီမံခန့်ခွဲရေးဒါရိုက်တာ အဒူရာဒို ဒလ် ရိုဆာရီယိုက ပြောကြားခဲ့သည်။

________________________

အနောက်နိုင်ငံများနှင့်ဆွေးနွေးရန် အသင့်ရှိသည်ဟု ရူဟာနီဆို


အီရန်နိုင်ငံ၏ သမ္မတ ရူဟာနီက အီရန်နိုင်ငံ၏အခွင့်အရေးတစ်ခုဖြစ်သည့် နျူးကလီးယားကြွယ်ဝရေးလုပ်ငန်းစဉ်များနှင့်ပက်သက်ပြီး အနောက်နိုင်ငံများနှင့် ဆွေးနွေးရန် အဆင်သင့်ဖြစ်နေသည်ဟု ပြောကြားလိုက်သည်။

“အီရန်နိုင်ငံဟာ တူညီတဲ့အခြေအနေနဲ့ အပြန်အလှန်နားလည်မှုကိုအခြေခံပြီး အနောက်နိုင်ငံတွေနဲ့ ဆွေးနွေးဖို့ အသင့်ရှိနေပါတယ်” ဟု ယနေ့ကျင်းပပြုလုပ်သည့် အီရန်တပ်မတော်နေ့အခမ်းအနားတွင် ပြောကြားခဲ့သည်။

အဆိုပါမှတ်ချက်မှာ အီရန်နျူးကလီးယားအစီစဉ်နှင့်ပက်သက်ပြီးဆွေးနွေးရန် အမေရိကန်အနေဖြင့် အသင့်ဖြစ်နေသည်ဟု အိမ်ဖြူတော်က ကြေညာခဲ့ပြီးနှစ်ရက် အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ အမေရိကန်၊ အစ္စရေးအပါအ၀င် အနောက်နိုင်ငံများအား အီရန်၏ နျူးကလီးယား အစီအစဉ်မှာ လက်နက်ထုတ်လုပ်ရန်ဟု စွပ်စွဲပြောဆိုထားပြီး အီရန်ကမူ အရပ်ဘက်တွင် အသုံးပြုရန် သာဖြစ်သည်ဟု ပြန်လည်ဖြေရှင်းထားသည်။

________________________

ဝါရှန်တန်တွင် မန်ဒဲလားရုပ်ထုဖွင့်လှစ်

တောင်အာဖရိကနိုင်ငံသမ္မတဟောင်း နယ်ဆင်မင်ဒဲလား၏ရုပ်ထုအား ၀ါရှင်တန်ရှိတောင်အာဖရိကသံရုံး အပြင်ဘက်တွင်ဖွင့်လှစ်ခဲ့သည်။

အဆိုပါရုပ်ထုမှာ ၃ မီတာအမြင့်ရှိပြီး Drakenstein Correctional ထိန်းသိမ်းရေး အကျဉ်းစခန်းတွင် တောင်အာဖရိက လူမျိုးရေးခွဲခြားမှုကာလအတွင်း ၂၇ နှစ်အကျဉ်းချခံရပြီးနောက် ၁၉၉၀ ခုနှစ် ပြန်လည်လွတ်မြောက်လာသည့်အချိန် ရိုက်ကူးထားသည့် ဓာတ်ပုံအား ပုံတူထုလုပ်ထားခြင်းဖြစ်ကာ တောင်အာဖရိက ပန်းပုဆရာ ဂျီန်း ဒွိုက်လီက ထုလုပ်ခဲ့ခြင်းဖြစ်သည်။

________________________

Comments

Leave a Reply