6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၁၅၊ ၂၀၁၃
M-Media

ဂန္တ္ထ၀င်နည်းပြ ဖာဂူဆန်အား ထရက်ဖို့ဒ်မြို့မှ ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်


မန်ချက်စတာယူနိုက်တက်အသင်း၏ ဂန္တ၀င်နည်းပြ ဆာအဲလက်စ်ဖာဂူဆန်မှာ ထရက်ဖို့ဒ်မြို့နယ် မြို့တော်ကောင်စီမှ ချီးမြှင့်သော Freedom of the Borough of Trafford အမည်ရ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်အား ရရှိခဲ့သည်ဟုသိရသည်။

မန်ချက်စတာယူနိုက်တက်အသင်းအား ပရီးမီးယားလိဂ်ချန်ပီယံ ၁၃ ကြိမ် ဆွတ်ခူးနိုင်အောင် ထိန်းကျောင်းပေးခဲ့သည့် ဖာဂူဆန်အား ထရက်ဖို့ဒ်မြို့ မြို့တော်ခန်းမတွင် ယမန်နေ့က ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

“ထရက်ဖို့ဒ်မြို့တော်ကောင်စီကပေးတဲ့ဒီဆုကို ရရှိတဲ့အတွက် ကျွန်တော်ဝမ်းသာပါတယ်။ ၁၉၈၆ ခုနှစ်က အိုးထရက်ဖို့ဒ်ကို ကျွန်တော် စရောက်တဲ့အခါ ကျွန်တော့်ကို စောင့်မျှော်နေတဲ့ ခရီးနဲ့ပက်သက်ပြီး ကျွန်တော်နည်းနည်းပဲ စဉ်းစားခဲ့တာပါ။ ၂၅ နှစ်ကျော်လာပြီးတဲ့နောက်မှာတော့ Freedom of the Borough of Trafford ဆုကို ကျွန်တော်ရရှိခဲ့ပါပြီ။ ပြီးတော့ ကျွန်တော်ရဲ့နာမည်ကို ဂုဏ်ပြုထားတဲ့ အစိတ်အပိုင်းတစ်ခု ထရက်ဖို့ဒ်မြိုမှာရှိတာဟာ တကယ့်ကို မခံယူဝံ့စရာပါပဲ” ဟု အသက် ၇၁-နှစ် အရွယ်ရှိ ဖာဂူဆန်က ဆုချီးမြှင့်ပွဲအခမ်း အနားတွင်ပြောကြားခဲ့သည်။

ထရက်ဖို့ဒ်မြို့တွင်ရှိသည့် ၂၇ နှစ်တာကာလအတွင်း ထရက်ဖို့ဒ်မြို့အား နာမည်ကျော်ကြားအောင် ကူညီဆောင်ရွက်ပေးခဲ့သည့်ဖာဂူဆန်သာလျှင် အဆိုပါ ဂုဏ်ထူး ဆောင် ဆုနှင့် သင့်လျော်သည်ဟု ထရက်ဖို့ဒ်မြို့တော်ကောင်စီမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ထရက်ဖို့ဒ်မြို့နယ်မှာ မန်ချက်စတာမြို့၏တောင်ဘက်တွင်တည်ရှိသော မြို့နယ်ဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်း၏အိမ်ကွင်း အိုးထရက်ဖို့ဒ် တည်ရှိရာ ဒေသ ဖြစ်သည်။
mirror
_____________________

တူရကီအသင်းမှာ အရာအားလုံးကို လုပ်ဆောင်နိုင်မည်ဟု နည်ပြဖြစ်သူဆို


ခြေစစ်ပွဲ နောက်ဆုံးသုံးပွဲကို အနိုင်ကစားကာ အုပ်စုဒုတိယနေရာတွင်ရှိနေပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရန်အတွက် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ယနေ့ညတွင် ကစားမည့် နယ်သာလန်နှင့်ပွဲအား အနိုင်ရရှိရန် လိုအပ်နေသည့် တူရကီအသင်း၏ နည်းပြဖြစ်သူ ဖာတီ တာရင်မ်က ၎င်း၏အသင်းမှာ မည်သည့်အရာကိုမဆို လုပ်ဆောင် နိုင်သည်ဟု ယုံကြည်ကြောင်းပြောကြားခဲ့သည်။

ယူရို ၂၀၀၈တွင် ဆီးမီးဖိုင်နယ်သို့တက်ရောက်နိုင်ခဲ့သည့် တူရကီအသင်းမှာ ၂၀၁၄ ကမ္ဘာ့ဖလားခြေစစ်ပွဲပလေးအောဖ့်နေရာမှအောင်မြင်ရေးအတွက် ဒုတိယနေရာ ရရှိ ရန် ရိုမေးနီးယား၊ ဟန်ဂေရီအသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

“ရိုမေးနီးယားပွဲဘာဖြစ်မလဲဆိုတာမစဉ်းစားဘဲနဲ့ နယ်သာလန်ပွဲကိုပဲ ကျွန်တော်တို့ အာရုံစိုက်ကစားရပါတယ်။ ကျွန်တော်တို့ ကစားသမားတွေဟာ အရာရာတိုင်းကို စီမံ လုပ်ဆောင်နိုင်ပါတယ်။ ကျွန်တော်တို့ အသင်းလိုက်ပုံစံနဲ့ ကစားရမှာပါ။ တကယ်လို့ရလဒ်ဟာ ကျွန်တော်တို့မျှော် လင့်သလိုဖြစ်မလာဘူးဆိုရင်လည်း အဲဒီ့အရှိတရားကို လက်ခံပြီး လာမယ့် ဥရောပချန်ပီယံရှစ်အတွက် ပြင်ဆင်သွားမှာပါ” ဟု သတင်းစာရှင်းလင်းပွဲတွင် တာရင်မ်က ပြောကြားခဲ့သည်။
goal
_____________________
ရီးယဲလ်တွင် နည်းပြဘ၀အဆုံးသတ်နိုင်သည်ဟု အန်ဆယ်လော့တီ ဖွင့်ဟ

ရီးယဲလ် မက်ဒရစ်အသင်း၏ နည်းပြဖြစ်သူ ကားလို့စ်အန်ဆယ်လော့တီက ရီးယဲလ်မက်ဒရစ်အသင်းတွင်သာ ၎င်း၏နည်းပြဘ၀အား အဆုံးသတ်ရန် စဉ်စားနိုင်သည်ဟု ပြောဆိုခဲ့ပြီး၊ စီးရီးအေချန်ပီယံဆု အေစီမီလန်ထက် ရိုမားအသင်း ရယူနိုင်မည်ဟုမျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

အန်ဆယ်လော့တီမှာ ရီးယဲလ်အသင်းအား ယခုနှစ်ဘောလုံးရာသီကမှ စတင်တာဝန်ယူခဲ့ခြင်းဖြစ်သည်။ အနာဂတ်တွင် အီတလီသို့ ပြန်လည်သွားရောက်မည်လား ဟူသော အမေးအား “အီတလီ ဒါမှမဟုတ် ရိုးမားကို နည်းပြဖို့လား။ ဒီမေးခွန်းအမေးခံရတာ ပထမဦးဆုံးအကြိမ်မဟုတ်ပါဘူး။ ကျွန်တော်ပြောနိုင်တာတစ်ခုကတော့ ရီးယဲလ်နဲ့ စာချုပ်ပြည့်သွားမှ ဘာလုပ်ရမယ်ဆိုတာ ကျွန်တော်စဉ်းစားမှာပါ။ အနားယူဖို့ဆုံးဖြတ်ချင်လည်း ဆုံးဖြတ်မယ်။ ပြီးတော့ ဆေးလိပ်ဖြတ်ဖို့လည်း ဆုံးဖြတ်ချင် ဆုံးဖြတ်မှာပါ” ဟု AS အားကစားဝဘ်ဆိုဒ်သို့ ပြောကြားခဲ့သည်။

ထို့ပြင် ရိုးမားအသင်း၏ နည်းပြ ရူဒီဂါစီယာကိုလည်းချီးကျူးသွားခဲ့ပြီး ရိုးမားအသင်းမှာ စီးရီးအေချန်ပီယံဘွဲ့ကို စိန်ခေါ်နိုင်သည့် အသင်းဖြစ်သည်ဟုလည်း ပြောကြား ခဲ့သည်။
goal
_____________________
ရီးယဲလ်နောက်ခံလူဗရိန်း မော်ရင်ဟိုအားချီးကျူး


မော်ရင်ဟိုလက်အောက်တွင်ကစားခဲ့စဉ်က အမှတ်တရအချိန်များရရှိခဲ့သည့် ရီးယဲလ်မက်ဒရစ်အသင်းနောက်ခံလူ ရာဖေးလ်ဗရိန်းက ချယ်ဆီးအသင်းအား ကိုင်တွယ် နေသည့် ဆရာဟောင်း၏ ရိုးသားမှုနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကောင်းမွန်မှုတို့ကို ချီးကျူးပြောဆိုလိုက်သည်။

ဗရိန်းမှာ ရီးယဲလ်အသင်းအား မော်ရင်ဟိုကိုင်တွယ်ခဲ့သည့် ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း လာလီဂါ၏အတောက်ပဆုံးသော နောက်ခံလူတစ်ဦးအဖြစ် ပေါ်ထွက် လာခဲ့သည်။

“ကျွန်တော်ဟာငယ်သေးပြီး နည်းပြအများကြီးနဲ့ မကြုံခဲ့ဖူးပါဘူး။ ဒါကြောင့် နည်းပြတွေကိုနှိုင်းယှဉ်ရတာတော်တော်ခက်ခဲ့ပါတယ်။ ဒါပေမယ့် မော်ရင်ဟိုရဲ့ ကိုယ်ရည် ကိုယ်သွေးနဲ့ အသင်းတစ်သင်းလုံးကိုရိုက်ခတ်ခဲ့တဲ့ သူ့ရဲ့ သြဇာတိက္ကမကိုတော့ ကျွန်တော်ပြောရပါလိမ့်မယ်” ဟု မော်ရင်ဟို၏အကြောင်းအား မေးမြန်းခဲ့သည့် fifa.com ၏ အမေးအား ပြန်လည်ဖြေကြားခဲ့သည်။

အသက် ၂၀ အရွယ်သာရှိသေးသည့် ဗရိန်းမှာ နည်းပြသစ်အန်ဆယ်လော့တီ လက်အောက်တွင် ပုံမှန်နေရာရရှိခြင်းမရှိဘဲ ယခုနှစ်ရာသီတွင် နှစ်ပွဲသာ ပွဲထွက်ခွင့် ရရှိထားသည်။
goal
_____________________

ဗြိတိန် နာမည်ကျော်တင်းနစ်မယ် ရော့ဘ်ဆန် နည်းပြဖြစ်သူနှင့် လမ်းခွဲ

ဗြိတိန်နံပါတ် ၁ တင်းနစ်မယ် လော်ရာရော့ဘ်ဆန်မှာ သူမ၏ နည်းပြဖြစ်သူ မိုင်းလ်စ် မက်လာဂန်နှင့် လမ်းခွဲလိုက်ပြီဖြစ်ကြောင်းသိရသည်။ မက်လာဂန်အား နည်းပြ အဖြစ် ခန့်အပ်ထားခြင်းမှာ လေးလသာရှိသေးပြီး၊ ထိုလေးလအတွင်း ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည့် တင်းနစ်ပြိုင်ပွဲသုံးပွဲတွင် သုံးပွဲသာအနိုင်ရရှိခဲ့သည်။

မက်လာဂန်နှင့် လမ်းခွဲခဲ့မှုမှာ ယခုနှစ်အတွင်း ဒုတိယမြောက်လမ်းခွဲမှုဖြစ်ပြီး မက်လာဂန် မတိုင်ခင်ကလည်း ၉ လကြာလက်တွဲခဲ့သည့် နည်းပြ ဇယ်ဂ်ျကို ကရာဂျန်နှင့် လမ်းခွဲခဲ့ဖူးသည်။

ရော့ဘ်ဆန်မှာ ယခုနှစ်ဝင်ဘယ်လ်ဒန်တင်းနစ်ပြိုင်ပွဲတွင် ၁၆ ယောက်အဆင့်နှင့် ယူအက်စ်အိုးပင်းတွင် တတိယအဆင့်အထိ တက်ရောက်နိုင်ခဲ့သော်လည်း သူမ ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲ ၂၂ ပွဲတွင် ကွာတားဖိုင်နယ်သို့ တစ်ကြိမ်သာတက်ရောက်နိုင်ခဲ့သည်။
skysport
_____________________

 

Leave a Reply