အောက်တိုဘာ ၁၅၊ ၂၀၁၃
M-Media
လင်းလင်း
ရန်ကုန် ။ ။ အောက်တိုဘာလ ၁၄-ရက် ည ၁၁း၄၀ နာရီခန့်က ရန်ကုန်မြို့ Trader Hotel ၌ ဗုံးပေါက်ကွဲခဲ့ရာ အဆိုပါ ဗုံးပေါက်ကွဲမှုအား သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ရန်ကုန်မြို့ ပန်ဒါဟိုတယ်၌ ယနေ့ ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယ၀န်ကြီးအပါအ၀င်၊ ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်း တို့တက်ရောက် ကြပြီး သတင်းနှင့် စာနယ်ဇင်းများလည်း တက်ရောက်ခဲ့ကြပါတယ်။
သတင်းစာရှင်းလင်းပွဲတွင် ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်းနှင့် စီးပွားရေးလုပ်ငန်းရှင် ဦးအေးကျော်တို့မှလည်း ရှင်းလင်းပြောကြား ခဲ့ကြပါတယ်။
Trader Hotel ဗုံးပေါက်ကွဲမှုကြောင့် အမေရိကန်နိုင်ငံသား မိသားစုဝင်များအနက် ဒဏ်ရာရရှိသွားသော အမျိုးသမီးအား ဆေးကုသမှုပေးနေကြောင်း၊ ကလေးငယ် များအားလည်း လုံခြုံစိတ်ချရသော နေရာတွင် ထားရှိထားကြောင်း၊ အမေရိကန် အမျိုးသားမှလည်း ယခု ဖြစ်စဉ်အား ကျေအေးနားလည်ပါကြောင်းနှင့် တရားခံများ ကိုလည်း ရှာဖွေဖော်ထုတ်ထားပြီး အရေးယူမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တို့ကို ရှင်းလင်းခဲ့ပါတယ်။
Leave a Reply
You must be logged in to post a comment.