6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ၊ ၁၆
M-Media

နာမည်ကြီး အင်္ဂလန်၊ လက်ရှိချန်ပီယံစပိန်၊ ခြေစွမ်းပြနေသည့် ရုရှားအသင်းတို့ တိုက်ရိုက်ခြေစစ်ပွဲအောင်ခဲ့ပြီး ဘော့စနီးယား-ဟာဇီဂိုးဗီနာတို့ သမိုင်းသစ်ရေးထိုးနိုင်ခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန်ပွဲစဉ်များ

englands-s-wayne-rooney

၂၀၁၄ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန်ပွဲများကို ယနေ့နံနက်ပိုင်းတွင် ကစားခဲ့ရာ နာမည်ကြီးအင်္ဂလန်၊ စပိန်တို့ တိုက်ရိုက်ခြေစစ်ပွဲအောင်ခဲ့ပြီး ဥရောပအသင်းငယ် ဘော့စနီးယား-ဟာဇီဂိုးဗီနားအသင်းမှာလည်း ခြေစစ်ပွဲကို တိုက်ရိုက်အောင်မြင်ခဲ့ပြီး သမိုင်းသစ်ရေးထိုးနိုင်ခဲ့သည်။

အင်္ဂလန် ၂-၀ ပိုလန်

အုပ်စု H တွင်ရှိနေသည့်အင်္ဂလန်အသင်းမှာ ယခုပွဲကို အနိုင်ကစားနိုင်ပါမှ တိုက်ရိုက်ခြေစစ်ပွဲအောင်မည်ဖြစ်သဖြင့် အိမ်ကွင်းတွင်အနိုင်ကစားနိုင်ရန် အသေအချာပြင်ဆင်ခဲ့သည်။ ပိုလန်အသင်းမှာလည်း အသင်းကောင်း တစ်သင်းဖြစ်ပြီး ၁၉၇၄ ခုနှစ်က လန်ဒန်တွင် အင်္ဂလန်အား ၁ ဂိုးစီ သရေကစားကာ ကမ္ဘာ့ဖလားမျှော်လင့်ချက်အား ဖျက်ဆီးခဲ့ဖူးသည်။

အင်္ဂလန်အသင်းမှာ ပြီးခဲ့သည့် ဆန်မာရီနိုကို အနိုင်ရရှိခဲ့သည့်ပွဲမှ လူစာရင်းကို ၂ နေရာအပြောင်းအလဲလုပ်ကာ အမှားအယွင်းမရှိ ကစားနိုင်ခဲ့ပြီး ၂ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိ ခဲ့သည်။ အင်္ဂလန်အသင်း အတွက်ဂိုးများကို ၄၁ မိနစ်တွင် တိုက်စစ်မှူး ရူနီက ခေါင်းတိုက်ကာ ဦးဆောင်ဂိုးကိုလည်းကောင်း၊ ပွဲပြီးကာနီးတွင် အသင်းခေါင်းဆောင် စတီဗင်ဂျာရတ်က အသင်းအတွက် ဒုတိယဂိုးကိုလည်းကောင်း အသီးသီးသွင်းယူပေးခဲ့သည်။

ယခုပွဲအနိုင်ကြောင့် အင်္ဂလန်အသင်းမှာ ယူကရိန်းအသင်းနှင့်တစ်မှတ်အကွာ အုပ်စုပထမနေရာဖြင့် ၂၀၁၄ ဘရာဇီးကမ္ဘာ့ဖလားပြိုင်ပွဲအား တိုက်ရိုက်ခြေစစ်ပွဲအောင်ခဲ့ပြီး နည်းပြ ဟတ်ဆန်မှာလည်း အင်္ဂလန်အား ကမ္ဘာ့ဖလားသို့ရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် ဆဌမမြောက် အင်္ဂလိပ်လူမျိုးဖြစ်လာခဲ့သည်။
…………………………………
စပိန် ၂-၀ ဂျော်ဂျီယာ

ကမ္ဘာ့ဖလားလက်ရှိချန်ပီယံ စပိန်အသင်းမှာလည်း ဂျော်ဂျီယာအသင်းအား အိမ်ကွင်းတွင် အနိုင်ကစားကာ ချန်ပီယံဘွဲ့အား ကာကွယ်ခွင့် ရရှိ သွားပြီဖြစ်သည်။

စပိန်အသင်းမှာ တိုက်ရိုက်ခြေစစ်ပွဲအောင်ရန် တစ်မှတ်သာ လိုအပ်သော်လည်း တိုက်စစ်မှူး အလ်ဗာရို နီဂရီဒိုနှင့် ဂျူအန်မာတာတို့၏ သွင်းဂိုးများကြောင့် ဂျော်ဂျီယာအသင်းအား ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

ယခုပွဲအနိုင်ရရှိခဲ့ခြင်းကြောင့် စပိန်အသင်းမှာ အုပ်စု I တွင် ပြင်သစ်အသင်းအားသုံးမှတ်ဖြတ်ကာ ထိပ်ဆုံး၌ ဦးဆောင်နိုင်ခဲ့ပြီး နှစ်ပေါင်း ၂၀ အတွင်း ကမ္ဘာ့ဖလားပြိုင်ပွဲတိုင်းကို တိုက်ရိုက် ၀င်ခွင့်ရသည့် စံချိန်သစ်ကို လည်းရရှိသွားပြီဖြစ်သည်။
…………………………………..
လစ်သူရေးနီးယား ၀-၁ ဘော့စနီးယား-ဟာဇိဂိုးဗီနာ

၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ၂၀၁၂ ဥရောပဖလားဘောလုံးပြိုင်ပွဲတို့တွင် ပါဝင် ယှဉ်ပြိုင်ခွင့်အား လက်တစ်ကမ်းအကွာမှ ဆုံးရှုံးခဲ့ရသည့် ဥရောပအသင်းငယ် ဘော့စနီးယား-ဟာဇီဂိုးဗီနာအသင်းမှာ လစ်သူရေးနီးယားအသင်းအား အဝေးကွင်းတွင်အနိုင်ကစားနိုင်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကို ၀င်ရောက်ကစားခွင့် ရရှိခဲ့သည်။

ဘော့စနီးယားအသင်းက ၁ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သော အဆိုပါ ပွဲစဉ်တွင် ဘော့စနီးယား အသင်းအတွက် တစ်လုံးတည်းသောအဖိုးတန်ဂိုးကို ၆၈ မိနစ်တွင် ဗီဒတ် အိုဘီစီဗစ်က သူ၏ နိုင်ငံတကာ အကြိမ် ၂၀ မြောက်ဂိုး အဖြစ်သွင်းယူပေးခဲ့သည်။ ယခုကဲ့သို့ ကမ္ဘာ့ဖလားပြိုင်ပွဲအား တိုက်ရိုက် ၀င်ရောက်ခွင့်ရခဲ့ခြင်းမှာ နိုင်ငံ၏ သမိုင်းတစ်လျှောက် ပထမဦးဆုံး အကြိမ်ဖြစ်ပြီး သမိုင်းသစ်ရေးထိုးနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
………………………………
အဇာဘိုင်ဂျန် ၁- ၁ ရုရှား

အင်္ဂလန်နည်းပြဟောင်း ကာပယ်လို ကိုင်တွယ်နေသည့် ရုရှားအသင်းမှာလည်း အဇာဘိုင်ဂျန်အသင်းအား အဝေးကွင်းတွင် ၁ ဂိုး စီသရေကစားနိုင်ခဲ့ပြီး အုပ်စုတွင်းပြိုင်ဘက် ပေါ်တူဂီအားကျော်ဖြတ်ကာ ကမ္ဘာ့ဖလားခြေစစ်ပွဲကို တိုက်ရိုက်အောင်မြင်သွားခဲ့ပြီဖြစ်သည်။ ပေါ်တူဂီအသင်းမှာ လူဇင်ဘတ်အသင်းအား ၃ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သော်လည်း အုပ်စုဒုတိယနေရာသာရရှိခဲ့သောကြောင့် Play Off ပွဲစဉ်မှ ခြေစစ်ပွဲအောင်မြင်ရန် ကြိုးစားရတော့မည်ဖြစ်သည်။

ဥရောပဇုန်တွင် အုပ်စု ၉ ခုရှိပြီး အုပ်စု ပထမအသင်းများက တိုက်ရိုက်ခြေစစ်ပွဲအောင်မည်ဖြစ်သောကြောင့် နယ်သာလန်၊ အီတလီ၊ ဘယ်လ်ဂျီယံ၊ ဆွစ်ဇလန်၊ ဂျာမနီ၊ အင်္ဂလန်၊ စပိန်၊ ဘော့စနီးယား-ဟာဇီဂိုးဗီနာနှင့် ရုရှားအသင်းတို့က တိုက်ရိုက်ခြေစစ် ပွဲအောင်သွားကြပြီဖြစ်သည်။ ထို့ပြင်အကောင်းဆုံး အုပ်စု ဒုတိယ ၈ သင်းမှာ ကမ္ဘာ့ဖလားတွင် ပါဝင်ခွင့်ရရန်အတွက် Play Off ပွဲစဉ်များ ကစားရမည်ဖြစ်သည်။

ယနေ့နံနက်ယှဉ်ပြိုင်ကစားခဲ့ကြသည့် ဥရောပဇုန်အုပ်စုနောက်ဆုံးပွဲစဉ်များ၏ ရလဒ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

Belgium 1 – 1 Wales
Scotland 2 – 0 Croatia
R. of Ireland 3 – 1 Kazakhstan
Israel 1 – 1 Northern Ireland
England 2 – 0 Poland
Serbia 5 – 1 Macedonia
Bulgaria 0 – 1 Czech Rep.
Denmark 6 – 0 Malta
Italy 2 – 2 Armenia
Faroe Islands 0 – 3 Austria
Sweden 3 – 5 Germany
Hungary 2 – 0 Andorra

Photo-AFP/Adrian Dennis

Leave a Reply