အောက်တိုဘာ ၂၃၊ ၂၀၁၃
M-Media
KK
ကျိုက်ထို ။ ။ အစ္စလာမ်သာသနာဝင်များ၏ အထွတ်အမြတ်ထားရာ အီသွလ်အသွဟာနေ့ အထိမ်းအမှတ် အိဒ်မိတ်ဆုံ ညစာ စားပွဲတစ်ရပ်ကို မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်လုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့မှ ကြီးမှူး၍ မနေ့က အောက်တိုဘာ ၂၂-ရက်နေ့တွင် ကျိုက်ထိုမြို့၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
မိတ်ဆုံစားပွဲကို မြန်မာနိုင်ငံရှိ ဘာသာကြီး ၄-ခုဖြစ်သည့် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာနှင့် ဟိန္ဒူဘာသာတို့မှလည်း တက်ရောက်ခဲ့ကြပြီး ကျိုက်ထိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ နယ်မြေခံတပ်မှ ဒုတိယဗိုလ်မှူးကြီး၊၊ ပထမတန်းစစ်ဦးစီးမှူး၊ မြို့နယ် ဒုဦးစီးမှူးနှင့်အဖွဲ့များ၊ မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ် သာသနာရေးမှူးများ၊ ဌာနဆိုင်ရာများမှလည်း တက်ရောက်ကြပြီး ဖိတ်ကြားထားသော ဧည်သည့်များလည်း တက်ရောက်ခဲ့ကြသည်။
ကျိုက်ထိုမြို့တွင် ဘာသာပေါင်းစုံ စည်းလုံးညီညွတ်စွာ နေထိုင်ကြပြီး၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးနှင့် သွေးစည်းညီညွတ်ရေး အဖွဲ့ကို ဖွဲ့စည်းထားပြီး ငြိမ်းချမ်းရေးလုပ်ငန်းများကို အတူ ပူးပေါင်းဆောင်ရွက်ပြီး ငြိမ်းချမ်းစွာရှိနေကြောင်းလည်းသိရသည်။
Ref: 22-10-03 မြန်မာ့အလင်း
Leave a Reply
You must be logged in to post a comment.