News @ M-Media

တိုင်ဖုန်းဟိုင်ယန်ကြောင့် ဖိလစ်ပိုင်တွင် လူတစ်ရာကျော် သေဆုံး

နိုဝင်ဘာ ၉၊ ၂၀၁၃
M-Media

8b7c4333ff68c6eeaa009157b5127002e3589653

နိုင်ငံ၏ အလယ်ပိုင်းဒေသတွင် ယမန်နေ့က အပြင်းထန်ဆုံး တိုက်ခတ်သွားသော တိုင်ဖုန်း ဟိုင်ယန်ကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် လူတစ်ရာကျော်သေဆုံးခဲ့သည်ဟု အာဏာပိုင်များက ယနေ့တွင် ထုတ်ပြန်ခဲ့သည်

သေဆုံးသူတစ်ရာကျော်မှာ နိုင်ငံရှိအာဏာပိုင်များက မုန်တိုင်းကြောင့် အသေအပျောက် စာရင်းစတင်ကောက်ယူပြီးနောက်ပိုင်း ဖိလစ်ပိုင်မြောက်ပိုင်း Leyte ပြည်နယ် Tacloban မြို့မှ ရရှိသည့် အသအေပျောက်စာရင်းဖြစ်သည်။ ထိုမုန်တိုင်းမှာ ကုန်းတွင်းပိုင်းသို့ ဦးတည်တိုက်ခတ်ခဲ့သည့် မုန်တိုင်းများတွင် ဖိလစ်ပိုင်းသမိုင်း၌ အဆိုးဝါးဆုံးမုန်တိုင်းဖြစ်ခဲ့သည်။

Tacloban လေဆိပ်မှ မန်နေဂျာက လမ်းမပေါ်တွင်လူများသေဆုံးလျက်ရှိပြီး ၁၀၀ ကျော်ခန့်ရှိကြောင်း၊ ဒဏ်ရာရရသူများမှာလည်း ၁၀၀ ကျော်ခန့်ရှိသည်ဟု သတင်းပေးပို့ခဲ့ကြောင်း ပြည်သူ့လေကြောင်းအရာရှိ ကပ္ပတိန် ဂျွန်အန်ဒရူးက ပြေကြားခဲ့သည်။

မုန်တိုင်းကြောင့် Tacloban လေဆိပ်မှာပျက်ဆီးခဲ့ပြီး၊ ဒီရေမှာ လေဆိပ်၏ ဒုတိယထပ်အထိ ရောက်ရှိခဲ့သည်။ သစ်ပင်များမှာလည်း ထက်ပိုင်းကျိုးကာ လမ်းများပေါ်တွင် ပိတ်ဆို့လျက်ရှိကြပြီး ဖိလစ်ပိုင်ပြည်သူများမှာ လေဆိပ်အနီးတွင် စုရုံးနေကြကာ ဖိလစ်ပိုင်စစ်တပ်မှ ဝေငှသော အစားအသောက်များနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ရယူနေကြသည်ဟု သိရသည်။

ထိုမုန်တိုင်းမှာ ယခုအခါအားလျော့သွားပြီး ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်သို့ ယမန်နေ့ ညနေက ရွေးလျားသွားခဲ့ပြီဖြစ်သည်။

Ref : CNN

Comments

Leave a Reply