နိုဝင်ဘာ ၁၃-၂၀၁၃
M-Media
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်အဖြစ် ရွေးချယ်ခြင်းကို လက်မခံကြောင်း ဆော်ဒီအာရေဗျနိုင်ငံက ယမန်နေ့တွင် တရားဝင် ကြေညာခဲ့ပြီး၊ ထိုကိစ္စနှင့် ပက်သက်၍ ကုလအထွေထွေအတွင်းရေမှူးချုပ် ဘန်ကီမွန်သို့ အကြောင်းကြားစာ တစ်စောင် ပေးပို့ထားသည်ဟု သိရသည်။
ဆော်ဒီအာရေဗျနိုင်ငံမှာ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအဖြစ် ပြီးခဲ့သည့်လက ရွေချယ်ခံရခြင်းဖြစ်ပြီး လုံခြုံရေးကောင်စီ၏ ဆီးရီးယားအရေး ဆောင်ရွက်မှုများကို မကျေနပ်သောကြောင့် ထိုစဉ်ကတည်းက ထိုတာဝန်အား လက်မခံကြောင်း ပြောကြားခဲ့ဖူးသည်။
ထို့ကြောင့် အရှေ့အလယ်ပိုင်းနိုင်ငံ တစ်ခုဖြစ်သည့် ဂျော်ဒန်နိုင်ငံအနေအဖြင့် လုံခြုံရေးကောင်စီတွင် အဖွဲ့ဝင်ဖြစ်ရန် လမ်းပွင့်သွားပြီဖြစ်သည်။
လုံခြုံရေးကောင်စီကလည်း ကုလသမဂ္ဂဆိုင်ရာ ဆော်ဒီသံအမတ်မှ ပေးပို့သည့် အကြောင်းကြားစာ ရရှိခဲ့ကြောင်းကို အတည်ပြုပြောကြားခဲ့ပြီး အသေးစိတ်ကိုမူ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေ။
Ref:alarabiya
Leave a Reply
You must be logged in to post a comment.