News @ M-Media

ဒီဇင်ဘာ ၂၁၊ နိုင်ငံတကာသတင်း

ဒီဇင်ဘာ ၂၁၊ ၂၀၁၃
M-Media

အစ္စရေး စစ်တပ်မှ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

– ဂါဇာကမ်းမြှောင်ဒေသတွင် ယမန်နေ့က အစ္စရေးစစ်တပ်၏ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း တစ်ဦးသေဆုံးခဲ့ပြီး၊ အခြားသုံးဦးမှာ ဒဏ်ရာရရှိခဲ့သည်ဟု ပါလက်စတိုင်း ကျန်းမာရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ အရှ်ရဖ် အလ်-ကီဒရာက ပြောကြားခဲ့သည်။

သေဆုံးခဲ့သူမှာ အသက် ၂၂ နှစ်အရွယ်ရှိပြီး ဦးခေါင်းကို အပစ်ခံခဲ့ရခြင်းဖြစ်ကြောင်း၊ မည်သည့်အကြောင်းကြောင့် ထိုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းကို မသိရဘဲ၊ အစ္စရေးစစ်တပ်မှလည်း မည်သည့်မှတ်ချက်မှ မပေးခဲ့ကြောင်း အရှ်ရဖ်က ထည့်သွင်းပြောကြားခဲ့သည်။

Ref: AP

Israeli soldiers patrol near a temporary road block near the Rosh Hanikra border crossing with Lebanon, in northern Israel
ဓါတ်ပုံအညွှန်း- ဂါဇာဒေသ နယ်စပ်ဂိတ်တနေရာမှ အစ္စရေး စစ်စခန်းဂိတ်

———————————-

သမိုင်းဝင် ကဇာတ်ရုံတစ်ခု မျက်နှာကျက် ပြိုကြခဲ့ပြီးနောက် လန်ဒန်ရှိ ကဇာတ်ရုံများ အားလုံးအား စစ်ဆေးနေ

– ကြာသာပတေးနေ့ညက လန်ဒန်မှ သက်တမ်း ၁၁၂ နှစ်ရှိ Apollo ကဇာတ်ရုံ မျက်နှာကျက် ပြိုကျခဲ့ပြီးနောက် လန်ဒန်မြို့ရှိ သမိုင်းဝင် ကဇာတ်ရုံများအားလုံးကို စစ်ဆေးမှုများပြုလုပ်နေသည်ဟု သိရသည်။

Apollo ကဇာတ်ရုံတွင် ပရိတ်သတ် ၇၂၀ ခန့်ရှိနေပြီး ဖျော်ဖြေရေး အစီအစဉ်များပြုလုပ်နေစဉ် မျက်နှာကျက်မှ ၁၀ စတုန်း မီတာ ခန့် ပမာဏရှိသည့် အင်္ဂတေများ၊ ပလာစတာများ ကွာကျလာခဲ့ခြင်းဖြစ်ပြီး ကလေးငယ်များအပါအ၀င် ၇၆ ဦးဒဏ်ရာရရှိခဲ့သည်။

အခင်းမဖြစ်ပွားခင် မိုးသည်းထန်စွာရွာသွန်းခဲ့ကာ မိုးသက်မုန်းတိုင်းများ ကျရောက်ခဲ့ပြီး၊ စုံစမ်းစမ်းစစ်ဆေးမှုများကို ပြုလုပ်နေသည်ဟုသိရသည်။

Ref: AFP

Comments

Leave a Reply