News @ M-Media

လွှတ်တော်က အီရန်အပေါ် ပိတ်ဆို့မှုအသစ်ပြုလုပ်ပါက ဗီတိုသုံးကာ ပယ်ချသွားမည်ဟု အိုဘားမားပြော

ဒီဇင်ဘာ ၂၁၊ ၂၀၁၃
M-Media

obama
နျူးလီးယား ကိစ္စအတွက် အီရန်နိုင်ငံအပေါ် ပိတ်ဆို့မှုအသစ်များပြုလုပ်ရန် စီစဉ်ထားသည့် ဥပဒေမူကြမ်းအား သမ္မတအိုဘားမားက ဗီတိုသုံး၍ ပယ်ချမည်ဟုသိရသည်။

‘အီရန်နျူးကလီးယားကင်းစင်ရေး အက်ဥပဒေ ၂၀၁၃’ ဟု အမည်ရသည့် အဆိုပါ ဥပေဒမူကြမ်းကို ကြာသာပတေးနေ့က ဆီးနိတ်လွှတ်တော်တွင် တင်သွင်ခဲ့ခြင်းဖြစ်ပြီး ဒီမိုကရတ်တစ်နှင့် ရီပက်ဘလစ်ကန် လွှတ်တော်မတ် ၂၆ ဦးက ထောက်ခံခဲ့သည်။ ထိုမူကြမ်းတွင် အီရန်နိုင်ငံ၏ စွမ်းအင်ကဏ္ဍအတွက် ပိတ်ပတ်မှုများကို တိုးချဲ့ရန်ရေးသားထားပြီး၊ အစ္စရေးက အီရန်ကို တိုက်ခိုက်ပါက အမေရိကန်က အစ္စရေးအား စစ်ရေး၊ စီးပွားရေးနှင့် သံတမန်ရေးရာ ထောက်ပံမှုများ ပေးအပ် သင့်သည်ဟုလည်း ဖော်ပြထားသည်။

သို့သော်လည်း သမ္မအိုဘားမားက သံတမန်ရေးအရ ဖြေရှင်းမှုအတွက် အီရန်နိုင်ငံ၏ ကတိအား ဆက်လက်စောင့်ကြည့်ရန် အမေရိကန်နှင့် အင်အားကြီး ၆ နိုင်ငံတို့အား အမေရိကန် ဥပဒေပြုအမတ်များက ခွင့်ပြုပေးရမည်ဟု ပြောဆိုခဲ့သည်။ ထိုမူကြမ်းအား လာမည့် ဇန်န၀ါရီအထိ ဥပဒေအဖြစ် ပြဌာန်းနိုင်မည်မဟုတ်ပေ။

အချို့သော စီပွားရေးဆိုင်ရာ ပိတ်ဆို့မှုများ ဖြေလျော့ပေးရန်အတွက် တီဟီရန်၏ နျုးကလီးယားအစီအစဉ်အား ရပ်တန့်ရန် သဘောတူညီချက်အတွက် အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့မှာ အဆင့်မြင့်အရာရှိများအဆင့် ဆွေးနွေးပွဲကို ကြာသာပတေးန့က ဂျီနီဗာတွင် ဆက်လက်ပြုလုပ်ခဲ့ကြသည်။
Ref: Voa News

Comments

Leave a Reply