ဒီဇင်ဘာ ၂၅၊ ၂၀၁၃
M-Media
ထိုင်းမှာ အထူးလုံခြုံရေးဥပဒေ ၂ လထပ်တိုး
– ၀န်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်ထရာကို ဖြုတ်ချရန်ရည်ရွယ်သည့် ဆန္ဒပြမှုများအား ကိုင်တွယ်နိုင်ရန်အတွက် အထူးလုံခြုံရေး ဥပဒေအား ယနေ့တွင် ၂ လ ထပ်တိုးလိုက်သည်ဟု သိရသည်။ ဆန္ဒပြပွဲများ စတင်ဖြစ်ပွားခဲ့သည့် လွန်ခဲ့သည့် တစ်လက စတင်ပြန်ဌာန်းခဲ့သည့် ထိုဥပဒေအရ ရဲတပ်ဖွဲ့ဝင်များမှာ လမ်းများပိတ်ဆို့ခြင်း၊ လူစုလူဝေးပြုလုပ်မှုများကို ပိတ်ပင်ခြင်း၊ ရှာဖွေဖမ်းဆီးမှုများပြုလုပ်ခြင်းနှင့် ညမထွက်ရအမိန့်ထုတ်ပြန်ခြင်း စသည့် လုပ်ပိုင်ခွင့်များ ရရှိမည်ဖြစ်သည်။ ဆန္ဒပြမှုများကြောင့် ၀န်ကြီးချုပ်ယင်းလပ်မှာ ပါလီမန်အား ဖျက်သိမ်းပေးခဲ့ပြီး ရွေးကောက်ပွဲ ကို ဖေဖော်ဝါရီလတွင် ပြုလုပ်ပေးမည် ဟု ပြောကြား ထားသော်လည်း အတိုက်အခံများက မကျေနပ်ကြပဲ ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေသည်။
…………………………………
ကမ္ဘောဒီးယားတွင် ယာဉ်မတော်တဆမှုကြောင့်သေဆုံးမှု အနည်းငယ်ကျဆင်းလာ
– ပြီးခဲ့သည့် ၁၁ လအတွင်း ကမ္ဘောဒီယားနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုများကြောင့် လူ ၁၇၂၇ ဦးသေဆုံးခဲ့ပြီး ယမန်နှစ်ကထက် ၀.၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု ကမ္ဘောဒီးယားသယ်ယူပို့ဆောင်ရေး ၀န်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ယခုနှစ် ဇန်န၀ါရီလမှ နိုဝင်ဘာလ အတွင်း ယာဉ်မတော်တဆမှု ၃၉၃၄ မှုဖြစ်ပွားခဲ့ပြီး ယမန်နှစ်ကထက် ၀.၇ ရာခိုင်နှုန်းနှင့် ဒဏ်ရာရသူမှာလည်း ယမန်နှစ်ကထက် ၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ယာဉ်မတော်တဆမှု အများစုမှာ မူးယစ်သောက်စား၍ ကားမောင်းမှု၊ ဥပဒေချိုးဖောက်မှုနှင့် မဆင်မခြင်မောင်းနှင် မှုတို့ကြောင့်ဖြစ်ကြောင်း သိရသည်။
………………………………..
Rokot ဂြိုလ်တို ရုရှားလွှတ်တင်မှု အောင်မြင်
– Rokot ဟု အမည်ရသည့် ဂြိုဟ်တုတစ်ခုအား ရုရှားနိုင်ငံမြောက်ပိုင်းရှိ Plesetsk အာကာသစခန်းမှ ယနေ့နံနက်စောစောပိုင်းတွင် အောင်မြင်စွာ လွှတ်တင်ခဲ့သည်ဟု ရုရှားကာကွယ်ရေး ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်မှုကို ကိုးကား၍ ရုရှားသတင်းအေဂျင်စီ RIA Novosti က ရေးသားဖော်ပြ ခဲ့သည်။ ထိုဂြိုဟ်တုမှာ သတ်မှတ်ထားသည့် အာကာသပတ်လမ်းအတွင်းသို့ ၂ နာရီအတွင်း ရောက်ရှိမည်ဟု ခန့်မှန်းထားပြီး၊ ထိုကဲ့သို့ လွှတ်တင်ခြင်း၏ ရည်ရွယ်ချက်မှာ စစ်ဘက်သုံး ဂြိုဟ်တု သုံးခုအား အာကာသအတွင်း လွှတ်တင်ရန်ဖြစ်သည်ဟု ရုရှားအာကာသကာကွယ်ရေးဌာနမှ ဗိုလ်မှူးကြီး ဒီမီထရီ ဇန်အင်က ပြောကြားခဲ့သည်။
………………………………..
တောင်ဆူဒန်တွင် ငြိမ်းချမ်းရေးတပ်များ တိုးမြှင့်ချထားမည်
– ပဋိပက္ခများဖြစ်ပွားနေသည့် တောင်ဆူဒန်နိုင်ငံသို့ ကုသမဂ္ဂ ငြိမ်းချမ်းရေးတပ်များ အင်အား ၂ ဆ နီးပါး တိုးမြှင့်ချထားရန်အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ယမန်နေ့တွင် အတည်ပြုခဲ့သည်။
ယခုလက်ရှိတွင် ငြိမ်းချမ်းရေးတပ်ဖွဲ့ ၇၀၀၀ နှင့် ရဲတပ်ဖွဲ့ဝင် ၉၀၀ ရှိနေပြီး၊ ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင် ၁၂၅၀၀နှင့် ရဲတပ်ဖွဲ့ဝင် ၁၃၂၃ ဦးအထိ တိုးမြှင့်ချထားပေးရန် အထွေအထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်၏ တောင်းဆိုမှုအား လုံခြုံကောင်စီဝင် ၁၅ နိုင်ငံစလုံးက တညီတညွတ်တည်း သဘောတူခဲ့ခြင်းဖြစ်သည်။
သီတင်းပတ်တစ်ပတ်တာ ကြာမြင့်နေပြီဖြစ်သည့် ထိုပဋိပက္ခမှာ ပြည်တွင်းစစ် အသွင်ကိုဆောင်လာပြီဖြစ်ပြီး လူပေါင်းများစွားလည်း သေဆုံးခဲ့ ရသည်ဟု တောင်ဆူဒန်နိုင်ငံအတွင်းရှိ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရ
…………………………
Little India တွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခက စင်ကာပူနိုင်ငံသားများအား သတိပေးခြင်းဖြစ်သည်ဟု လီရှန်လွန်းပြောကြား
– ဒီဇင်ဘာ ၈ ရက်နေ့က Little India တွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခက တည်ငြိမ်သော လူအဖွဲ့အစည်းတွင်၌ပင် ထိုကဲ့သို့သော ပဋိပက္ခများဖြစ်နိုင်ကြောင်း စင်ကာပူနိုင်ငံသားများအား သတိပေးလိုက်ခြင်းဖြစ်သည်ဟု စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ယမန်နေ့က ရဲအရာရှိများနှင့် တွေ့ဆုံစဉ်အတွင်းပြောကြားလိုက်သ
…………………………
– ဥရောပ တစ်ဝှမ်းတွင် ယမန်နေ့က တိုက်ခတ်ခဲ့သော မုန်တိုင်းများကြောင့် အနည်းဆုံး လူ ၅ ဦးသေဆုံးခဲ့ပြီး၊ အင်္ဂလန်၊ ပြင်သစ်နှင့် ဆွီဒင်နိုင်ငံများရှိ လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းခဲ့ရကာ၊ ပြည်သူ များစွာမှာလည်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ
Leave a Reply
You must be logged in to post a comment.