ဒီဇင်ဘာ ၂၅၊ ၂၀၁၃
M-Media
– မြန်မာနိုင်ငံအတွင်း HIV/AIDS ရောဂါကုသရေးနှင့် တားဆီး ကာကွယ်ရေး လုပ်ငန်းများအား တိုးချဲ့လုပ်ဆောင်ရန် အတွက် ဆင်းရဲမွဲတေမှုလျော့ချရေး ရန်ပုံငွေအဖွဲ့(ဂျပန်)မှ ထောက်ပံ့ငွေများအား မြန်မာအစိုးရနှင့် မြန်မာနိုင်ငံ အတွင်းရှိ အန်ဂျီအိုအသင်း အဖွဲ့များအကြား အသုံးပြုနိုင်ရန် မဟာဗျူဟာမြောက်သည့် ဆက်သွယ်မှု တစ်ခုကို အာရှဖွံ့ဖြိုးမှုဘဏ် ADB မှ ချိတ်ဆက်ပေးမည်ဟု နိုင်ငံပိုင်မီဒီယာများက ယနေ့တွင် ဖော်ပြခဲ့သည်။
ADB မှ ထိုကဲ့သို့ လုပ်ဆောင်ပေးမှုမှာ ဝေးလံခေါင်ဖျားသော ဒေသများရှိ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှု မရရှိသေးသော ပြည်သူလူထုအတွက် ထောက်ပံ့မှုများ ပိုမိုပြုလုပ်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု New Light of Myanmar သတင်းစာ တွင် ဖော်ပြထားသည်။
ဆင်းရဲမွဲတွေမှုလျော့ချရေး ရန်ပုံငွေအဖွဲ့(ဂျပန်)မှ ကူညီပေးအပ်သည့် ကန်ဒေါ်လာ ၁၀ သန်းဖြင့် ADB၊ မြန်မာအစိုးရနှင့် အန်ဂျီအို အဖွဲ့များပူးပေါင်းကာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ ရွာပေါင်း ၇၃၉ ရွာအား ကျန်မာရေးဆိုင်ရာ အကူအညီများ ပေးပို့သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံရှိ လူဦးရေ ၂ သိန်းကျော်မှာ HIV ပိုး ကူးစက်မှုခံနေရပြီး၊ ၂၀၁၂ ခုနှစ် နိုင်ငံတကာ AIDS အစီအစဉ်၏ စစ်တမ်းကောက်ယူမှု အရ မြန်မာနိုင်ငံတွင် HIV ပိုးကူးစက်သူအများစုမှာ မူးယစ်ဆေးဝါး သုံးစွဲသူများ၊ အမျိုးသမီးလိင်အလုပ်သမများနှင့် လိင်တူဆက်ဆံသူ အမျိုးသားများဖြစ်ကြသည်။ သို့သော်လည်း ရောဂါဖြစ်ပွားသူများ၏ ၄ သောင်းကျော်သာ ART ကုသမှုကိုရရှိကြသည်ဟု သိရသည်။
Ref: ဆင်ဟွာ
Leave a Reply
You must be logged in to post a comment.