ဇန်န၀ါရီ ၁၊ ၂၀၁၄
M-Media
K K
မိတ္ထီလာ ။ ။ ၂၀၁၃-ခု မတ်လအတွင်းက ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် ညမထွက်ရ အမိန့်ထုတ်ပြန်ထားခဲ့ရာ ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၆ နာရီအချိန်မှ စတင်၍ ပယ်ဖျက်လိုက်ကြောင်း သိရသည်။
၂၀၁၃-ခု မတ်လ ၂၀-နေ့မှ စတင်ထုတ်ပြန်ခဲ့သော ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ရာမှ ယနေ့မှစတင်၍ ညမထွက်ရ အမိန့်ကို ပယ်ဖျက် ရုပ်သိမ်းလိုက်ကြောင်း မိတ္ထီလာမြို့ခံများမှ သတင်းပေးပို့ ပြောကြားခဲ့ပါသည်။
ဘာသာပေါင်းစုံမှကိုယ်စားလှယ်များ ပါဝင်သော ငြိမ်းချမ်းရေးဆုတောင်းမှုတစ်ခုကိုလည်း နှစ်ကူးည သန်းခေါင်းယံအချိန်တွင် မိတ္ထီလာကန် တံတား ပေါ်တွင် မိတ္ထီလာ အာဏာပိုင်များမှ ဦးဆောင်ပြုလုပ်ခဲ့ကြပြီးြိငိမ်းချမ်းရေးနှင့် ချစ်ကြည်ညီညွတ်ရေးအထိမ်းအမှတ် မီးရှူးမီးပန်းများ ပစ်ဖောက်ကာ ပြုလုပ်ခဲ့ကြောင်းသိရသည်။
Leave a Reply
You must be logged in to post a comment.