News @ M-Media

မွေးကင်းစကလေးများ ခိုးယူရောင်းစားသည့် ဆရာဝန် တစ်ဦးအား တရုတ်တရားရုံးမှ သေဒဏ်ချမှတ်

ဇန်နဝါရီ ၁၄၊ ၂၀၁၄
M-Media
Zhang, an obstetrician involved in baby trafficking, stands trial in Weinan Intermediate People's Court
– မွေးကင်းစကလေးငယ်များအား ရောင်းစားခဲ့သော နိုင်ငံတောင်အနောက်မြောက်ပိုင်း ဆေးရုံတစ်ရုံရှိ ဆရာဝန်တစ်ဦးအား တရုတ်အစိုးရက ယနေ့တွင် သေဒဏ်ချမှတ်လိုက်သည်ဟု သိရသည်။

Zhang Shuxia ဟု အမည်ရသည့်အဆိုပါ ဆရာဝန်မှာ နိုင်ငံအနောက်မြောက်ပိုင်း ဖူပင်းကောင်တီရှိ သားဖွားနှင့်ကလေးစောင့်ရှောက်မှု ဆေးရုံမှ သားဖွာဆရာဝန်တစ်ဦးဖြစ်ပြီး မွေးကင်းစ ကလေးငယ် ၇ ဦးအား ရောင်းစားခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသောကြောင့် ထို့ကဲ့သို့ ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

Zhang မှာ ကလေးမွေးဖွားပြီးနောက် မိဘများအား ၎င်းတို့၏ကလေးငယ်မှာ ရောဂါရှိနေကြောင်း၊ သို့မဟုတ် သေဆုံးသွားကြောင်း လိမ်လည်ပြောဆိုကာ မွေးကင်းစကလေးငယ်များအား ရယူခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်က အမွှားမွေးဖွားသည့် မိဘအား ၎င်းတို့ကလေးငယ်တစ်ဦးမှာ သေဆုံးသွားခဲ့ပြီး အခြားတစ်ဦးမှာလည်း ခြေနှင့် လက်တို့တွင်ရောဂါများရှိနေကြောင်း လိမ်လည်ရောင်းစားခဲ့ပြီး ထိုထဲမှ ကလေးငယ်တစ်ဦးအား ရေမြောင်းထဲတွင် သေဆုံးလျက်တွေ့ရှိခဲ့ရသည်။ မွေးကင်းစကလေးငယ်တစ်ဦးအတွက် ယွမ် ၂၀၀၀၀(ကန်ဒေါ်လာ ၃၃၁၀)ရရှိပြီး၊ ယောက်ျားလေးအတွက် ယွမ် ၄၇၀၀၀(ဒေါ်လာ ၇၈၀၀)ရရှိသည်ဟု Zhang က ထွက်ဆိုခဲ့သည်။

ယမန်နှစ် ဇူလိုင်လက မိခင်တစ်ဦးမှ ၎င်း၏ကလေးငယ်နှင့် ပက်သက်၍ မသင်္ကာသောကြောင့် ရဲတပ်ဖွဲ့အား တိုင်ကြားခဲ့ရာမှ Zhang ၏လုပ်ရပ်များ ပေါ်ပေါက်လာခြင်းဖြစ်ပြီး ကလေးငယ်များခိုးယူရောင်းစားခြင်း၏ ပုံမှန်ပြစ်ဒဏ်မှာ တစ်သက်တစ်ကျွန်းဖြစ်သော်လည်း Zhang အား တရားရုံးမှ ဆေးကုသခွင့် ၂ နှစ် ပိတ်ပင်ခြင်းနှင့်အတူ သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ Zhang ခိုးယူရောင်းစားခဲ့သည့် ကလးငယ်တစ်ချို့အား ရဲတပ်ဖွဲ့က ပြန်လည်ရှာဖွေနိုင်ခဲ့ကာ မိဘများလက်သို့ ပေးအပ်နိုင်ခဲ့သည်။

Ref: aljazeera

Comments

Leave a Reply