News @ M-Media

ဝေါလ်ကော့၏ ခွဲစိတ်မှုအောင်မြင်ခဲ့သော်လည်း ကမ္ဘာ့ဖလားအား လွဲချော်မည်ဟု ၀င်းဂါးဆို

ဇန်န၀ါရီ ၁၇၊ ၂၀၁၄
M-Media

– အသင်းရှိ တိုက်စစ်မှူး သီယိုဝေါလ်ကော့၏ခွဲစိတ်မှုမှာ အောင်မြင်ခဲ့သော်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲအမီ လုံးဝသက်သာပျောက်ကင်းနိုင်ဖွယ်မရှိဟု အာဆင်နယ် အသင်းနည်းပြ အာဆင်ဝင်းဂါးက ပြောကြားခဲ့သည်။

အသက် ၂၄ နှစ်အရွယ်ရှိ ဝေါလ်ကော့မှာ ယခုလ အစောပိုင်းက စပါးအသင်းအား ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သောပွဲတွင် ဒူးအရွတ် စုတ်ပြဲဒဏ်ရာ ရရှိ သွားခဲ့ပြီး ဒဏ်ရာပြင်းထန်သောကြောင့် အနည်းဆုံး ၆-လခန့် အနားယူရဖွယ်ရှိနေသည်။

“(ခွဲစိတ်မှုဟာ) ရှောရှောရှူရှူဖြစ်သွားခဲ့ပါတယ်။ ဒဏ်ရာက ဒူးခေါင်းမှာဖြစ်တဲ့အတွက် ပြန်ကောင်းဖို့ အချိန်ယူရပါလိမ့်မယ်။ ကမ္ဘာ့ဖလားမှာ ကစားဖို့ ကတော့ မျှော်လင့်ချက်မရှိတော့ပါဘူး။ ဒါက မဖြစ်နိုင်တော့ပါဘူး။ ဒါပေမယ့် သူရဲ့အနာဂတ်ကတော့ ကောင်းမွန်မှာပါ” ဟု ၀င်းဂါးက ပြောခဲ့သည်။

Ref : Goal

Comments

Leave a Reply