News @ M-Media

ဂျူဗီအသင်း ဖလားနှစ်ခုရရှိရန် တီဗက်ဇ် ကူညီမည်ဟုပြော

ဇန်န၀ါရီ ၁၇၊ ၂၀၁၄
M-Media

– အသင်းအနေဖြင့် စီးရီးအေနှင့် ယူရိုပါလိဂ်တွင် အောင်မြင်မှုများရရှိရန်အတွက် ကူညီသွားမည်ဟု ဂျူဗင်တပ်စ်အသင်း၏ တိုက်စစ်မှူး ကားလို့စ် တီဗက်ဇ်က ပြောကြားလိုက်သည်။

တီဗက်ဇ်မှာ ပြီးခဲ့သည့်နွေရာသီက မန်စီးတီးအသင်းမှ ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး စီးရီးအေ ၁၉ ပွဲကစားပြီး ၁၁ ဂိုးအထိ သွင်းယူ ပေးထားနိုင်ခဲ့ကာ၊ ဂျူဗင်တပ်စ်အသင်းမှာလည်း ဒုတိယနေရာမှ ရိုးမားအသင်းအား ၈ မှတ်အထိ ဖြတ်ထားနိုင်ခဲ့သည်။

“ပြိုင်ပွဲတွေအတွက်ပဲ ကျွန်တော် စဉ်းစားနေပါတယ်။ ကျွန်တော် (စီးရီးအေနဲ့ ယူရိုပါလိဂ်) ဖလားနှစ်ခုစလုံးကို လိုချင်ပါတယ်။ အာဂျင်တီးနား၊ ဘရာဇီးလ်၊ အင်္ဂလန်တို့တွေမှာ ဖလားတွေရခဲ့ပြီး၊ အီတလီမှာ ရမယ်ဆိုရင်တော့ ကျွန်တော့်အတွက် စတုတ္ထမြောက်နိုင်ငံဖြစ်လာမှာပါ။ အသင်းရဲ့ သမိုင်းမှာ မှတ်တမ်းရေးထိုးဖို့ အိပ်မက်မက်နေပါတယ်” ဟု တီဗက်ဇ်က အီတလီ အားကစား စာစောင်တစ်ခုသို့ ပြောကြားခဲ့သည်။

Ref : Goal

Comments

Leave a Reply