News @ M-Media

အနယ်လ်ကာ၏ ဂျူးဆန့်ကျင်ရေး အမူအယာကြောင့် ၀က်စ်ဘရွန်း စပွန်ဆာ ရပ်ဆိုင်းတောမည်

ဇန်နဝါရီ ၂၁၊ ၂၀၁၄
M-Media
354628_heroa
– ၀က်စ်ဘရွန်းတိုက်စစ်မှူး အနယ်လ်ကာ၏ ဂျူးဆန့်ကျင်ရေး အမူအယာကြောင့် အသင်းအား အဓိက စပွန်စာပေးနေသည့် အိမ်ခြံမြေကုမ္ပဏီ Zoopla က ယခုနှစ်ဘောလုံးရာသီအကုန်တွင် ၎င်းတို့၏ စပွန်စာပေးခြင်းအား ရပ်ဆိုင်းတော့မည်ဟု ကြေညာခဲ့သည်။

တနင်္လာနေ့ည (ယနေ့နံနက်) ကစားမည့် အဲဗာတန်အသင်းနှင့်ပွဲစဉ်တွင် အနယ်လ်ကာဝတ်ဆင်မည့် အင်္ကျီမှ ၎င်းတို့၏ လိုဂိုတံဆိပ်ကို ဖြုတ်ပစ်ရန် အသင်းအား တောင်းဆိုထားသည့် Zoopla ကုမ္ပဏီမှာ ဂျူးလူမျိုးပိုင် ကုမ္ပဏီတစ်ခုဖြစ်ပြီး ၀က်စ်ဘရွန်းအသင်းနှင့် ၂ နှစ်စပွန်စာ စာချုပ် ချုပ်ဆိုထားသည်။

‘quenelle’ ခေါ်သည့် အဆိုပါ ဂျူးဆန့်ကျင်ရေးသင်္ကေတအား ဒီဇင်ဘာ ၂၈ ရက်နေ့က ကစားခဲ့သည့် ၀က်စ်ဟမ်းအသင်းအား အနိုင်ရခဲ့သောပွဲတွင် ဂိုးသွင်းပြီးနောက် အနယ်လ်ကာက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အနယ်လ်ကာက ထိုအပြုအမူမှာ ၎င်း၏ သူငယ်ချင်း ပြင်သစ်လူရွှင်တော်  Dieudonne M’bala M’bala အား ရည်ညွှန်းကာ ပြုလုပ် ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သော်လည်း ထိုလုပ်ရပ် အတွက် ကမ္ဘာတစ်ဝှမ်းမှ ဝေဖန်မှုများ ပေါ်ထွက်လာခဲ့ပြီး အင်္ဂလိပ်ဘောလုံး အဖွဲ့ချုပ် FA ကလည်း အရေးယူရန် ပြင်ဆင်နေသည်။

Comments

Leave a Reply